Home
အနုပညာ
ဟေမာန်ဆောင်းသီချင်းများနှင့် ပြိုင်ပွဲဝင် ၆ ဦးရဲ့ ဆဋ္ဌမမြောက် မြန်မာအိုင်ဒေါဂီတည
DVB
·
December 5, 2019
77390168_2487219424879802_2071139861284257792_o
77390168_2487219424879802_2071139861284257792_o
75233897_2449487278653017_8626153106314362880_o
74880679_2449486448653100_2500337373397647360_o
74236371_2449486305319781_7802250784053133312_o
73409313_2449487621986316_53096730765295616_o
72964818_2449487751986303_2843906015156502528_o
72564806_2449485901986488_9168446268496674816_o
       ဆဋ္ဌမမြောက်သီတင်းပတ်အနေနဲ့ ကျင်းပမယ့် မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ ဟေမာန်ဆောင်းသီချင်းတွေနဲ့အတူ ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ ခုသီတင်းပတ်မှာတော့ Top Finalists ၆ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ နော်စေးစေးထူး၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က အပြိုင်ကြဲ သီဆိုဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလား ထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သား ငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲ ကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင် ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။    Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်တင်ဆက်ပေးနေသူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။ အခုနှစ်ရဲ့ ပထမသီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင် Top Finalists ၁၁ ယောက်က စိတ်ကြိုက်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်ပေးတဲ့ မဲ တွေနဲ့ ဆုံးဖြတ်ချိန်မှာတော့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က နှုတ်ဆက် ထွက်ခွာသွားခဲ့ရတာပါ။ ဒုတိယမြောက် ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရတဲ့ သီတင်းပါတ်မှာတော့ ပြိုင်ပွဲဝင် ၁၀ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရပြီး ပရိသတ်ပေးတဲ့ မဲအနည်းအများနဲ့ နှုတ်ဆက်ထွက်ခွာရမယ့်သူကို ကြေညာရာမှာ ပြိုင်ပွဲဝင် နော်စေးစေးထူးက မဲအ နည်းဆုံး ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် သူ့ကို ဒိုင် ၃ ယောက်က Save လုပ်ခဲ့တဲ့အတွက် နောက်တဆင့်မှာ ထပ်မံ ပါဝင်လာနိုင်ခဲ့ပြီး ဆက်လက်ပါဝင်ခဲ့ပါတယ်။ တက္ကသိုလ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ တတိယမြောက်သီတင်းပတ်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ၂ ယောက် ဖြစ်ကြတဲ့ နှင်းအိအိဝင်းနဲ့ နေလင်းကျော်တို့က လက်ပြ နှုတ်ဆက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ကန်းထရီးကျေးလက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြတဲ့ စတုတ္ထမြောက်သီတင်း ပတ်ကတော့ ထင်မှတ်မထားတဲ့ ရလဒ်တွေနဲ့အတူ အားလုံးကို အံ့အားသင့်စေခဲ့ရတာပါ။ နာမည်ကြီးပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ အေးမြဖြူ၊ အက်စတာနဲ့ တန်ခွန်ကျော်တို့ ၃ ယောက်က Bottom 3 ထိုင်ခဲ့ကြရပြီးနောက် သူတို့ထဲက ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ပြိုင်ပွဲဝင်ကို ကြေငြာရာမှာတော့ တန်ခွန်ကျော်က နှုတ်ဆက်အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ် တေးသံရှင် စိုးလွင်လွင်ရဲ့ သီချင်းတွေနဲ့ညမှာတော့ ပြိုင်ပွဲဝင်တဦး ဖြစ်တဲ့ ထက်အဉ္ဇလီက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ရ ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုတပတ်မှာတော့ ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် ၆ ယောက်ကသာ သီဆို ယှဉ်ပြိုင်ကြရတော့မှာပါ။ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024