DVB Logo
Home
သတင်းတို
The Voice Weekly ကို တရားစွဲဆိုမှု ကျေအေး
DVB
·
January 31, 2013
The Voice Weekly ကို တရားစွဲဆိုမှု ကျေအေး
Donate to DVB

The Voice Weekly ဂျာနယ်အပေါ် တရားစွဲဆိုထားတဲ့အမှုကို ကျေအေးခွင့်ပြုဖို့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ လျှောက်ထားမှုကို ဒဂုံမြို့နယ်တရားရုံး မြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က ဒီနေ့ ခွင့်ပြုလိုက်ပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့  ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် သတ္တုတွင်း ဝန်ကြီးဌာနနဲ့ The Voice Weekly တို့ကြားမှာ ပေါ်ပေါက်ခဲ့တဲ့ နားလည်မှု လွဲမှားခြင်းကို အပြန်အလှန် ဖြေရှင်းနိုင်ခဲ့ပြီး သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ အမှုပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနတချို့ ကျပ်သိန်း ထောင်ချီ ငွေကြေးအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိဆိုတဲ့ သတင်းဖော်ပြချက်ကြောင့် သတ္တုတွင်းဝန်ကြီးဌာနက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀နဲ့ The Voice Weekly ကို ၂၀၁၂ ခုနှစ် မတ်လ အတွင်းမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013