DVB Logo
Home
မြန်မာသတင်း
ရန်ပုံငွေမရှိသဖြင့် အခက်ကြုံဟု ရခိုင် မသန်စွမ်းသူများအသင်းပြော
DVB
·
December 4, 2019
ရန်ပုံငွေမရှိသဖြင့် အခက်ကြုံဟု ရခိုင် မသန်စွမ်းသူများအသင်းပြော
Donate to DVB

ရုံးခန်းမရှိသလို ရန်ပုံငွေလည်း မရှိတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်းက ပြောပါတယ်။ 

ရခိုင်ပြည်နယ်မှာမသန်စွမ်းသူများအသင်းကို ၂၀၁၉ ခုနှစ် ၅ လပိုင်းက စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ မသန်စွမ်း ဦးရေ ၁ သိန်းကျော်ရှိနေတာပါ။ 

ရုံးခန်းမရှိသလို ရန်ပုံငွေလည်း မရှိတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ အသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဆရာတော်ဦးဥတ္တမခန်းမမှာ ကျင်းပခဲ့ပါတယ်။ 

မသန်စွမ်းသူအသင်းအနေနဲ့ သူတို့ရဲ့ အခက်အခဲတွေတင်ပြဖို့အတွက် ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဖို့စာတင်ပြတာ နှစ်ခါရှိပြီးဖြစ်ပေမယ့် တစုံတရာအကြောင်းပြန်တာ မရှိသေးဘူးလို့ ကိုဇော်မင်းသန်း က ပြောပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် ရှေ့သွားမယ့် လုပ်ငန်းစဉ်တွေကို လက်တလောမှာ ရပ်ဆိုင်နေ ရတယ်လို့ ပြောပါတယ်။ 

လက်ရှိအချိန်မှာတော့ မသန်စွမ်းသူတွေဟာ ဆင်းရဲချို့တဲ့မှုတွေနဲ့ အလုပ်လက်မဲ့တွေ များနေတာတွေ့ရတယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူက ပြောပါတယ်။

မသန်စွမ်းသူတွေအတွက် စက်ချုပ်သန်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေ၊ လက်မှု အတက်ပညာတချို့ကို သင်ကြားပို့ချနေတာတွေရှိနေမယ့် ရခိုင်ပြည်နယ်အတွင်းမှာတော့ မသန်စွမ်း တွေအတွက် အသက်မွေးဝမ်းကြောင်းသင်ကြားပေးတဲ့ ကျောင်းတွေမရှိသေးဘူးလို့ သိရပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူထားချက်အရတော့ ရခိုင်ပြည်နယ်အတွင်းမှာ ကိုယ်လက်မသန်စွမ်းသူ ၄၉၉၈၀ ဦး၊ အကြား မသန်အာရုံစွမ်းသူ ၄၀၆၆၀ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၆၅၅၇၆ ဦးနဲ့ ဉာဏ်ရည်မသန်စွမ်းသူ ၅၄၅၅၀ ဦးရှိပြီး ပြည်နယ်ရဲ့ ၅ ဒသ ၃ ရာခိုင်နှုန်း ဟာ မသန်စွမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013