DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက်ထောက်ပံ့ကြေး ကျပ်သိန်း ၁၈၀၀၀ ခန့် သုံးစွဲ
DVB
·
December 3, 2019
ရခိုင်ပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက်ထောက်ပံ့ကြေး ကျပ်သိန်း ၁၈၀၀၀ ခန့် သုံးစွဲ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်ထဲက ပြည်တွင်းနေရပ်စွန့်ခွာသူတွေအတွက် လစဉ်ထောက်ပံ့ပေးနေပြီး လတ်တလော ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ လောက်  သုံးစွဲပြီးပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ကကျင်းပတဲ့  ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ပြန်လည် နေရာ ချထားရေးနဲ့ ယာယီခိုလှုံရာစခန်းတွေ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ရှင်းလင်းရာမှာ ပြောခဲ့တာပါ။

ဒီမဟာဗျူဟာကို ၂၀၁၈ ခုနှစ်က စတင်ရေးဆွဲခဲ့တာဖြစ်ပြီး ယာယီခိုလှုံရာစခန်းတွေက နေရပ်စွန့်ခွာ နေရသူတွေကို ငွေကြေးထောက်ပံ့မှုတွေသာမက အမှီအခိုကင်းကင်း ကိုယ်တိုင် ရပ်တည်နိုင်ရေးလုပ်ပေးဖို့ အရေးကြီးတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ပြောပါတယ်။

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအများကြီး နောက်ကျနေရင် ပဋိပက္ခတွေအများကြီးဖြစ်ပြီး ပဋိပက္ခတွေကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်တို့မှာ ပြည်တွင်း နေရပ်စွန့်ခွာ ကြသူတွေ ရှိနေလို့ ယာယီခိုလှုံရာစခန်းတွေ ဖွင့်လှစ်ရတယ်လို့ ပြောပါတယ်။

ဒီစခန်းတွေဟာ ကာလကြာရှည်လာရင် နိုင်ငံတော်က ကြိုးပမ်းနေတဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတားပြုမယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက  ပြောပါတယ်။

အိုင်ဒီပီစခန်းတွေပိတ်သိမ်းဖို့အတွက် လက်တွေ့အကောင်အထည်ဖော်ရာမှာ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရှေ့ပြေးစီမံချက်တွေ ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်သွားမယ်လို့ ဒီဇင်ဘာ ၁ ရက်မှာ ဝန်ကြီးက ပြောထားပြီး ရခိုင်ပြည်နယ်မှာတော့ မြေပုံနဲ့ ကျောက်ဖြူမြို့တို့က စခန်းတွေကို စတင် ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲကနေ ဘင်္ဂလားဒေ့ရှိနိုင်ငံကို တိမ်းရှောင်သွားသူတွေကို ပြန်လက်ခံရေး လုပ်ငန်းမှာလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပါဝင်လုပ်ဆောင် နေပြီး လတ်တလော ပြန်ရောက်လာသူတချို့ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

မောင်တောမြို့နယ်က ဟိန္ဒူဘာသာဝင်တွေကို ကူညီပေးနေတဲ့ ဦးနီမော်လ်က “လူ ၅၀ လောက် ပြန်ရောက်နေပါပြီ။ အိမ်ထောင်စု နှစ် စုကတော့ မောင်တော ခယက ရုံးနားက ဟိန္ဒူ ကယ်ဆယ်ရေးစခန်းမှာနေကြတယ်။” လို့ ပြောပါတယ်။

နေရပ်ပြန်ရောက်လာသူတချို့က အစိုးရ အစီအစဉ်နဲ့ ဆောက်ထားတဲ့ အိမ်တွေမှာ နေကြတာရှိသလို  တချို့ကတော့ ဆွေမျိုးတွေရှိတဲ့နေရာမှာ နေထိုင်နေကြပြီး လူမှုဝန်ထမ်း ဦးစီးဌာနက လစဉ် ထောက်ပံ့ပေးပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဘက်ကို တိမ်းရှောင်သွားကြတဲ့ ဟိန္ဒူဘာသာဝင်ပေါင်း ၄၉၅ ယောက်ရှိပြီး လက်ရှိမှာ အယောက် ၄၄၀ လောက် နေရပ်ပြန်မလာနိုင်သေးဘဲ ကျန်ရှိနေပါတယ်။ 

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013