DVB Logo
Home
မြန်မာသတင်း
KBZ ဘဏ်ငွေထုတ်စက်မှာ  ကျပ်သိန်း ၃၀၀ကျော် ခိုးမှုဖြင့် ဘဏ်ခွဲ ဒု-မန်နေဂျာနှင့်ခင်ပွန်းကို ဖမ်းဆီး
DVB
·
December 2, 2019
KBZ ဘဏ်ငွေထုတ်စက်မှာ  ကျပ်သိန်း ၃၀၀ကျော် ခိုးမှုဖြင့် ဘဏ်ခွဲ ဒု-မန်နေဂျာနှင့်ခင်ပွန်းကို ဖမ်းဆီး
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ KBZ ဘဏ် ATM ငွေထုတ်စက်ကနေ ငွေကျပ် ၃၄၉ သိန်း ကျော် ခိုးယူမှုနဲ့ KBZ ဒုဘဏ်ခွဲမန်နေဂျာ အမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းသည်တို့ကို ဖမ်းဆီးခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် မနက်က  ချမ်းမြသာစည်မြို့နယ်နေ ဦးအောင်နိုင်ဦး KBZ Bank Branch-39 မန်နေဂျာဟာ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ  KBZ Bank ATM ငွေထုတ်စက်မှာ လိုင်းကျနေကြောင်း၊ KBZ Bank ကတ်ဌာနက ဖုန်းဆက်အကြောင်းကြားခဲ့ပြီး KBZ Bank Branch-39 မှ ဒုတိယ တာဝန်ခံ ဒေါ်ထက်မွန်ကျော်ရွှေ၊ ရုံးအကူ ဦးမျိုးမင်းထိုက်တို့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ ငွေထုတ်စက်မှာ လိုင်းကျနေတာ မဟုတ်ဘဲ ၎င်း ATM ငွေထုတ်စက်အတွင်း လွန်ခဲ့တဲ့ ၁၀ ရက်ခန့်က ထည့်ထားတဲ့ ငွေကျပ်သိန်း ၆၀၀ အနက်မှ ATM ငွေထုတ်စက်အတွင်းကျန်ရှိတဲ့ ခန့်မှန်းငွေသိန်း ၃၄၀ ကျပ်ခန့်မှာ ပျောက်ဆုံးနေကြောင်း သိရှိရတဲ့ အတွက် စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ မဟာအောင်မြေမြို့မရဲစခန်းမှာ တိုင်ကြား အမှုဖွင့်ဆောင်ရွက်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနဲ့ ပူးပေါင်းအဖွဲ့ဟာ KBZ Bank CCTV မှတ်တမ်း စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၂၉ ရက်မနက်က ပြစ်မှုကျူးလွန်သူဟာ အဖြူရောင် AD Van မော်တော်ယာဉ်နဲ့ ရောက်ရှိလာပြီး ငွေထည့်တဲ့အခန်းကို အနီရောင်သော့ ချိတ်ပါသော့နဲ့ဖွင့်ပြီး စက်အတွင်းရှိငွေတွေကို လျှို့ဝှက်နံပါတ်အသုံးပြုပြီး ထုတ်ယူသွားတာကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ပါတယ်။ 

အနီရောင်သော့ချိတ်ကိုင်ဆောင်သူဟာ KBZဒုဘဏ်ခွဲမန်နေဂျာ မထက်မွန်ကျော်ရွှေ ရဲ့ ခင်ပွန်း ဦးအောင်ခိုင်စိုးမြင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလို့ နိုဝင်ဘာလ ၃၀ ရက်မှာ  ရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲ့ရာ မထက်မွန်ကျော်ရွှေက ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်စိုးမြင့်ကို ATM စက်ရဲ့ Password No တွေနဲ့ ATM စက်ရဲ့ အနီရောင် သော့ချိတ်ပါသော့ကို ပေးခဲ့ကြောင်း၊ ဦးအောင်ခိုင်စိုးမြင့်က AD Van မော်တော်ယာဉ်သွားရောက်ပြီး ATM စက်သော့နဲ့ Password ကို အသုံးပြုကာ ATM စက်ထဲကနေ ကျပ်  ၃၄၉ သိန်း ၇ သောင်းကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

မထက်မွန်ကျော်ရွှေနဲ့ ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့် တို့ရဲ့ ထွက်ဆိုချက်တွေအရ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ AD Van မော်တော်ယာဉ်၊ သက်သေခံပါဆုံးငွေ ၃၄၉ သိန်း ၇ သောင်းကျပ်နဲ့ အခြားသက်သေခံပစ္စည်းတွေကို သူတို့ရဲ့နေအိမ်မှာ သိမ်းဆည်းရမိခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မူရင်း - Mandalay Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013