DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် အေအာတီ ဆေးသောက်သုံးနေရသူ ၂၅၀၀ ကျော်ရှိ
DVB
·
December 2, 2019
ကရင်ပြည်နယ်တွင် အေအာတီ ဆေးသောက်သုံးနေရသူ ၂၅၀၀ ကျော်ရှိ
1 / 5
Donate to DVB

ကရင်ပြည်နယ်အတွင်း အေအာတီဆေးသောက်သုံးနေရတဲ့ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူ ပေါင်း ၂၅၀၀ နီးပါးရှိပြီး ဒီအထဲမှာ ထိုင်းနယ်စပ်မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွေ့ပြောင်းလုပ်သားတွေလည်း ပါဝင်တယ်လို့ ခုခံအားနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့၊ တာဝန်ခံ ဒေါက်တာ အောင်ပြေငြိမ်းက ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ဒီဇင်ဘာ ၁ ရက်နေ့ကကျင်းပတဲ့  ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဒီဗွီဘီကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကရင်ပြည်နယ်ဟာ လူနေထူထပ်မှုနည်းပါးမှုနဲ့ အဓိကကူးစက်တတ်တဲ့ မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသုံးစွဲတာ ရှားပါးတဲ့အတွက် အိတ်ချ်အိုင်ဗွီကူးစက်ခံရမှုဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေ လောက် မများပါဘူး။

ဒါပေမယ့် မြဝတီနယ်စပ်ကို ပြည်နယ်နဲ့တိုင်းဒေသကြီးက ရွေ့ပြောင်းလုပ်သားတွေ နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာနေတဲ့အတွက် ကရင်ပြည်နယ်မှာ အေအိုင်ဒီအက်စ် ရောဂါဝေဒနာခံစားနေရတဲ့သူတွေ အတိုင်းအတာတခုအထိ ရှိနေတာပါ။

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ရောက်တိုင်း နှစ်စဉ် ဒီရောဂါနဲ့ပတ်သက်ပြီးတော့ လူထုအတွင်း သိရှိမှုမြင့်တက်လာစေဖို့ ရည်ရွယ်ပြီး အထိမ်းအမှတ်အခမ်းအနားတွေနဲ့ ပညာပေး လှုပ်ရှားမှုတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ကျင်းပလေ့ရှိ တာပါ။

‌ ဘားအံမြို့ခံ ဦးစောအောင်နိုင်ဦးက “ဘေးပတ်ဝန်းကျင်ကလည်း   ရောဂါဝဒေနာရှင်တွေ တွေ့ခဲ့မယ်ဆိုရင် နှစ်သိမ့်ဆွေးနွေးပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို ပို့ဆောင်ပြီး ကူညီစေချင်တယ်”လို့ ပြောပါတယ်။ 

အခမ်းအနားမှာ HIV/ AIDS ရောဂါအကြောင်း ဟောပြောတာတွေ၊ ရောဂါပိုးရှိမရှိ အခမဲ့ သွေးစစ်ဆေးတာတွေ၊ ပိုးရှိသူတွေကို နှစ်သိမ့်ဆွေးနွေးတာတွေနဲ့ တက်ရောက်လာသူတွေနဲ့  အမေးအဖြေတွေကိုပြုလုပ်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းတွေကို ပေးအပ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်အတွင်း အိတ်ချ်အိုင်ဗွီ ပိုးကူးစက်ခံရသူ အသစ် လူဦးရေ ၈၀၀ ကျော်ရှိခဲ့ပြီး အေအာတီဆေးဝါးနဲ့ ပုံမှန်မှန်ကုသမှုတွေရှိနေသလို အေအိုင်ဒီအက်စ်နဲ့သေဆုံးသူ အရေအတွက်ဟာ ၁၀ ဂဏန်းအောက်ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အိတ်ချ်အိုင်ဗွီရောဂါပိုးဟာ မူးယစ်ဆေးဝါးအကြောထဲ ထိုးသွင်းတာ၊ တခါသုံးဆေးထိုးအပ် မသုံးစွဲတာ၊ လိင်တူဆက်ဆံတာ၊ ရောဂါပိုး ရှိသူနဲ့လိင်ဆက်ဆံတာ၊ လုံခြုံစိတ်ချရတဲ့ ကွန်ဒုံး မသုံးစွဲတာ၊ မိခင်နို့ရည်မှတဆင့်ရင်သွေးငယ်ကို ကူးစက်တာ၊ မိသားစုဝင်အတွင်း မထင်မှတ်ဘဲ သွေးကတဆင့် ကူးစက်တာတွေနဲ့ ‌ရောဂါပိုးရှိသူရဲ့ သွေးသွင်းမိရာက ကူးစက်နိုင်ပါတယ်။

ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှာလည်း  အေအိုင်ဒီအက်စ် ရောဂါကင်းဝေးရေး အသိပညာပေးတွေ ပြုလုပ်သွားပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပတဲ့ အခမ်းအနားမှာ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခရိုင်အုပ်ချုပ်ရေးမှူး ခရိုင် ဒုတိယရဲမှူးကြီးနဲ့ ကျန်းမာရေးဌာနဆိုင်ရာနဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြ ပါတယ်။

အားကစားနဲ့ ပန်းချီပြိုင်ပွဲတွေကို အထိမ်းအမှတ်နေ့ မတိုင်ခင် ကျောင်းသားတွေကို ပညာပေးတဲ့အနေနဲ့ ကျောင်းတွေမှာ ပြုလုပ်ပေးပြီး ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက် ဖျက်ရေးနေ့မှာ ဆုအသီးသီး ချီးမြှင့်သွားပါတယ်။

ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနဲ့ ပညာပေးလုပ်ငန်းတွေကို မြန်မာနိုင်ငံအနှံ့ အသိပညာပေးတွေ  အစိုးရက ပြုလုပ်နေတာရှိပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့ဟာ မြန်မာနိုင်ငံဒေသအနှံ့က ရောက်ရှိလာတဲ့ ရွေ့ပြောင်းလုပ်သားတွေ သိန်းနဲ့ချီနေထိုင်တဲ့နယ်စပ်မြို့ဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကနေ အမြဲလိုလို ဝင်ထွက်သွားလာနေတဲ့မြို့ ဖြစ်တဲ့အတွက်  အေအိုင်ဒီအက်စ် ပညာပေးလုပ်ငန်းတွေ ပိုမို လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။

NGO ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရပူးပေါင်းပြီး မြန်မာတနိုင်ငံလုံးမှာ အေအိုင်ဒီအက်စ်ရောဂါခံစားနေရသူတွေအတွက်  သောက်ဆေးကို လစဉ်ထောက်ပံ့ပေးနေပြီး ခရီးစရိတ်နဲ့ ဆေးရုံညအိပ်စရိတ် တရက်ကို ကျပ် ၁၀၀၀၀ ထောက်ပံ့ပေးနေတဲ့ အပြင် ကျန်းမာရေးစစ်ဆေးရာမှာလည်း အခမဲ့ ကူညီပေးနေပါတယ်။

မြဝတီမြို့ပြည်သူ့ဆေးရုံမှာ ၂၀၁၈ ခုနှစ်က ဆေးယူသောက်နေတဲ့ အေအိုင်ဒီအက်စ် လူနာပေါင်း ၇၀၀ ကျော်ရှိရာက  ၂၀၁၉ ခုနှစ်မှာ ဆေးယူသောက်တဲ့ လူနာပေါင်း ၁၀၀၀ ဦး လောက်ရှိ ပါတယ်။

ဒါ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမဲဆောက်မြို့က အေအိုင်ဒီအက်စ် ဝေဒနာရှင် တချို့ကလည်း  မြဝတီမြို့ ပြည်သူ့ဆေးရုံကို လာရောက် ဆေးယူသောက်နေကြတာလည်း ရှိပါတယ်။

သတင်း- ရဲမင်းခေါင်/ ဖိုးစီ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013