DVB Logo
Home
မြန်မာသတင်း
အနိုင်ရရန်သေချာသည့်နေရာများတွင်သာ UNA မဟာမိတ်ပါတီများ ရွေးကောက်ပွဲ ဝင်ပြိုင်မည်
DVB
·
December 2, 2019
အနိုင်ရရန်သေချာသည့်နေရာများတွင်သာ UNA မဟာမိတ်ပါတီများ ရွေးကောက်ပွဲ ဝင်ပြိုင်မည်
Donate to DVB

၂၀၂၀ရွေးကောက်ပွဲမှာ ငွေကြေးနဲ့လူအင်အားအခက်အခဲကြောင့် အနိုင်ရဖို့သေချာတဲ့ နေရာတွေမှာပဲ ဝင်ရောက်ယှဉ်ပြိုင်တော့မယ်လို့ UNA အဖွဲ့ဝင်တိုင်းရင်းသားပါတီတွေက ပြောပါတယ်။ 

လာမယ့် ၂၀၂၀ ရွေကောက်ပွဲမှာ ငွေကြေးနဲ့လူအင်အားအခက်အခဲရှိနေတယ်လို့ စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တွေကပြောပါတယ်။ 

ဒါ့အပြင် အာဏာရ အန်အယ်လ်ဒီပါတီရဲ့ မဟာမိတ်မဟာဗျူဟာ အပြောင်းအလဲကလည်း တိုင်းရင်းသားပါတီတွေအတွက် အခက်အခဲကြုံစေတယ်လို့ ဆိုကြပါတယ်။ 

အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင် သွားရောက်တရားရင်ဆိုင်ဖို့ နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့တဲ ကြေညာချက်ဟာ အန်အယ်လ်ဒီနဲ့ တပ်မတော်တို့ရဲ့ရင်ကြားစေ့ရေး အောင်မြင်မှုဖြစ်ခဲ့ပေမယ့် တိုင်းရင်းသား ပါတီတွေအတွက်တော့ကောင်းတဲ့အလားမလာမဟုတ်ဘူးလို့ UNA ခေါင်းဆောင်တွေက ဆိုပါတယ်။

အရင်ကUNA နဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ အန်အယ်လ်ဒီ ပါတီဟာ   ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်မှာကိုယ်စားလှယ် ပါဝင်မှု ၅၉ ရာခိုင်နှုန်းရှိပါတယ်။

တပ်မတော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးအရ ၂၅ရာခိုင်နှုန်း လွှတ်တော်မှာ ပါဝင်နေပါတယ်။

လွှတ်တော်မှာ အင်အားအကြီးဆုံးအစုအဖွဲ့အချင်းချင်း ရင်ကြားစေ့သွားတာဟာ ကျန်တဲ့ အတိုက်အခံပါတီတွေအတွက် အလားအလာမကောင်းသလို ဒီမိုကရက်တစ်အသံတွေလည်း လွှတ်တော်မှာပျောက်ဆုံးသွားနိုင်တယ်လို့ UNA အဖွဲ့ဝင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ  ဦးငိုင်ဆာ့ခ် ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်ထဲမှာ တိုင်းရင်းသားပါတီအားလုံးပေါင်း ပါဝင်မှု ၉ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီက ၇ ရာခိုင်နှုန်း အသီးသီးပါဝင်ကြပါတယ်။ 

တိုင်းရင်းသားပါတီတွေက အနိုင်ရဖို့သေချာတဲ့နေရာတွေမှာပဲ ပါဝင်ယှဉ်ပြိုင်တော့မယ်ဆို ပေမယ့် အန်အယ်ဒီ ပါတီကတော့ နေရာစုံမှာဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မီဒီယာတွေကို ပြောထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013