Home
မြန်မာသတင်း
ပင်လယ်ကျားဖောင်လုပ်ငန်းကို မြန်မာလူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေး
DVB
·
December 2, 2019
78863776_2386958574854151_132807265034960896_o
78606875_2386958614854147_7897076343324540928_n
78222790_2386987848184557_7857245340607447040_o
77384890_2386958641520811_2904936546949922816_n
77114222_2386987551517920_6951382814566645760_o
ဒဂုံတက္ကသိုလ်သမိုင်းနောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း ပင်လယ်ကျားဖောင်မှာ လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာ ၂ ရက်နေ့မှာ ဖျာပုံမြို့ကို ကွင်းဆင်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်နဲ့  ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် တို့ဟာ မနေ့မနက် ၁၁ နာရီလောက်မှာရောက်ရှိခဲ့ပြီး ဖျာပုံမြို့နယ်က ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစစ်ဆေးနေတာပါ။ ဒီဇင်ဘာ ၂ ရက်နေ့မှာ ဖျာပုံမြို့က ဌာနဆိုင်ရာတွေကို စစ်ဆေးပြီး ဒီဇင်ဘာ ၃ ရက်နေ့ မှာ ဒေါ်ညိမ်းကျေးရွာနဲ့ ခါးပြတ်ကျေးရွာကို သွားရောက်ကာ ကွင်းဆင်းစစ်ဆေးမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ဒီဗွီဘီကို ပြောပါတယ်။ စစ်ဆေးမှု တွေကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျားဖောင်လုပ်ငန်းမှာ ပါဝင် ပတ်သက်သူတွေကို တွေ့ဆုံသွားမယ်လို့လည်း သိရပါတယ်။ ကိုမြတ်သူရထွန်းဖြစ်စဉ်နဲ့ပတ်သက်လို့ ဖောင်ဦးစီးနဲ့လူပွဲစားအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သူနဲ့အတူ လူကုန်ကူးခံရသူ ၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။ ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စုမှာ ၂၀၁၇မှ ၂၀၁၈ခုနှစ်အထိ ကျားဖောင်တွေမှာ သေဆုံးမှုနဲ့ ပျောက်ဆုံးသူဟာ ၂၀၁ဦးရှိခဲ့ပြီး အခုနှစ်မှာတော့ ၁၀၀ ကျော်ရှိတယ်လို့ ဒေါ်ညိမ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးချစ်ပေါက ပြောဆိုပါတယ်။ စိုးမိုးအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024