DVB Logo
Home
မြန်မာသတင်း
အောင်လအန်ဆန်  မလေးရှားနိုင်ငံတွင် ကလေးငယ်များနှင့် တွေ့ဆုံ 
DVB
·
December 2, 2019
Donate to DVB

ONE Championship ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ  ကလေးတွေနဲ့ သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေရဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့  Shalom Education Centre (SEC) ကို  ဒီဇင်ဘာ ၁ ရက်က သွားရောက်ပြီး ကလေးငယ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်၊၊

ဒီလိုတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အောင်လအန်ဆန်က “ဒီနေ့ကျနော် ကွာလာလမ်ပူမှာ တကယ်ကောင်းမွန်တဲ့ တရက်တာကိုဖြတ်သန်းခဲ့ရပါတယ်။ Shalom ပညာရေးစင်တာက မိဘမဲ့ကလေးတွေကို သွားရောက်တွေ့ဆုံပြီးတော့  ကလေးတချို့က ကျနော့်အတွက် သူတို့တွေရဲ့အ နုပညာလက်ရာတွေကို ရေးဆွဲပေးတာတွေ တွေ့ရတာအရမ်းပျော်ဖို့ကောင်းပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောပါတယ်။

ဒါအပြင် လူငယ်လူရွယ်ဖိုက်တာတွေနဲ့ သွားရောက်တွေ့ဆုံပြီး အတူတူလေ့ကျင့်ခဲ့တယ်လို့လည်း အောင်လက ပြောပါတယ်။ 

အောင်လအန်ဆန်ဟာ MMA ဖိုက်တာ Kim နဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ထိုးသတ်မယ့် ချင်းတိုင်းရင်းသားဖိုက်တာ TialThang "The Dragon Leg" ကို ကူညီနည်းပြပေးဖို့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013