DVB Logo
Home
သတင်းတို
သတင်းစာနှင့် အစိုးရကို ဝေဖန်သည့် အမတ်ကို ဦးရွှေမန်း သတိပေး
DVB
·
January 31, 2013
သတင်းစာနှင့် အစိုးရကို ဝေဖန်သည့် အမတ်ကို ဦးရွှေမန်း သတိပေး
Donate to DVB

သတင်းစာနဲ့ အစိုးရကို လွှတ်တော်ထဲမှာ ဝေဖန်ခဲ့တဲ့အတွက် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုးမြင့်ကို လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေးလိုက်ပါတယ်။

ဇန်န၀ါရီ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဦးစိုးမြင့်က နိုင်ငံတော်ပိုင် သတင်းစာတွေဟာ ပြည်သူ့ဆန္ဒတွေကို ထင်ဟပ်တဲ့ ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေကို မဖော်ပြတော့ကြောင်း၊ နိုင်ငံတော်ပိုင်သတင်းစာတွေမှာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒ ဆိတ်သုဉ်းနေတယ် ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

ဒါတင်မက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဟာ လျှပ်စစ်မီး လုံလောက်အောင် မပေးတဲ့အတွက် တနိုင်ငံလုံးမှာ လာဘ်စားမှုတွေ ပေါ်ပေါက်နေတယ်လို့ သူက စွပ်စွဲပါတယ်။ ဒီပြောဆိုချက်တွေဟာ ရည်ရွယ်ချက်ကောင်းပေမယ့် မေးပုံမေးနည်းကို နောင် ဒီလို မဖြစ်ဖို့ လိုတယ်ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမတ်တွေအားလုံးကို သတိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013