ဧရာဝတီတိုင်း ခရိုင်မြို့အားလုံးတွင် လမ်းနှင့် လမ်းမီးတိုင်များအဆင့်မြှင့်တင်မည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်မြို့တွေအားလုံးရှိ အဓိကကျတဲ့လမ်းမတွေကို ကတ္တရာ ကွန်ကရစ်(AC) လမ်းတွေ အဖြစ်အဆင့်မြှင့်သွားဖို့ ရှိနေပါတယ်။
လက်ရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာ ဧရာဝတီတိုင်းအတွင်းကခရိုင်မြို့အားလုံးမှာ လမ်းတွေ အဆင့်မြှင့်တင်သွားမှာလို့ တိုင်းဒေသကြီး လျှပ်စစ်လမ်းပန်းဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။
လမ်းခင်းလုပ်ငန်းတွေမှာ မြို့ခံတွေပါဝင်တဲ့ ကော်မတီဖွဲ့ပြီး မြို့ရဲ့ ဆန္ဒနဲ့အညီအ ကောင်အထည်ဖော်သွားမယ်လို့လည်းဝန်ကြီးကပြောပါတယ်။
တိုင်းမြို့တော် ပုသိမ်မြို့မှာတော့ပြီးခဲ့တဲ့ ဘတ်ဂျက်နှစ်ကတည်းက ACလမ်းခင်းပြီးသွားပြီ ဖြစ်ပါတယ်။ ခရိုင်မြို့တွေမှာ AC လမ်းအပြင် ပုသိမ်မြို့မှာလို လမ်းမီးတိုင်တွေတပ်ဆင်မယ့် အစီအစဉ်လည်း ပါရှိပါတယ်။
ပုသိမ်မြို့မှာလမ်းခင်းစဉ်က လမ်းခင်းပြီးမကြာခင်ပြန်ပြင်ရတာမျိုးရှိခဲ့တဲ့အတွက် ဒါမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ ဖျာပုံမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဘိုဘိုမင်းဇော်က ထောက်ပြ ပြောပါတယ်။











