DVB Logo
Home
မြန်မာသတင်း
ICJ တွင် တရားစွဲဆိုထားမှု အစိုးရ ရပ်တည်ချက် ထောက်ခံကြောင်း ဝတပ်ဖွဲ့ ထုတ်ပြန်
DVB
·
December 1, 2019
ICJ တွင် တရားစွဲဆိုထားမှု အစိုးရ ရပ်တည်ချက် ထောက်ခံကြောင်း ဝတပ်ဖွဲ့ ထုတ်ပြန်
Donate to DVB

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဝပြည်နယ်အနေနဲ့ မြန်မာအစိုးရရဲ့ သဘောထားရပ်တည်ချက်ကို ထောက်ခံကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ဝတပ်ဖွဲ့တို့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို သွားရောက်ချေပတုံ့ပြန်မှုနဲ့ ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာကို ကာကွယ် စောင့်ထိန်းမယ့် လုပ်ဆောင်ချက်ကို လေးစားဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်း သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဉာဏ်ရည်ထက်မြက်စွာ စိတ်ရှည်သဘောထားကြီးတဲ့ နည်းလမ်းနဲ့ ပဋိပက္ခတွေကို  ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

ဝတပ်ဖွဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒါဟာ နိုင်ငံတော်ကို တရားစွဲတာဖြစ်လို့ အားလုံး စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“အိုင်စီဂျေက State ကို တရားစွဲတာဖြစ်တယ်။ State ဆိုတာက အားလုံးကို ကိုယ်စားပြုတာ ဖြစ်တယ်။ ဒီထဲမှာရှိတဲ့ မှီတင်းနေထိုင်သူအားလုံး မြန်မာနိုင်ငံသားအားလုံး၊ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ လူတွေအားလုံးကို ကိုယ်စားပြုတာပဲ ဖြစ်တယ်။ တရားစွဲတာပဲ ဖြစ်တယ်။ နိုင်ငံတော်ကို တရားစွဲတာဖြစ်တယ်။ နိုင်ငံတော်ကို တရားစွဲတာဖြစ်တဲ့အခါမှာ အားလုံးက စည်းလုံးညီညွတ်ရှိဖို့ လိုတယ်လို့ပဲ ကျနော် ပြောချင်တယ်။” 

ဝတပ်ဖွဲ့က နိုင်ငံတော်နဲ့အတူ ရပ်တည်ကြောင်း ထုတ်ပြန်ပေမယ့် ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကတော့ မြန်မာနိုင်ငံကို အိုင်စီဂျေ အပါအဝင် နိုင်ငံတကာတရားရုံး ၃ ခုမှာ အမှုဖွင့် တိုင်ကြားထားပြီး   မြန်မာ့တပ်မတော်ကို အရေးယူဖို့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အားပေးထောက်ခံကြောင်း ထုတ်ပြန်ထားတဲ့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား သဘောထားကွဲလွဲနေပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံးတို့က အတိဒုက္ခရောက်နေတဲ့ မြန်မာပြည် တိုင်းရင်းသားပြည်သူတွေအတွက် သမာသမတ်ရှိစွာနဲ့ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်တွေကို အပြစ်ပေး အရေးယူဖို့ ကြိုးပမ်းသူတွေကို မဟာမိတ် ၃ ဖွဲ့အနေနဲ့ ရရှိထားတဲ့ သက်သေ အချက်အလက်တွေနဲ့အတူ ပူပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ဖြစ်ကြောင်းလည်း ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ အမှုရင်ဆိုင်ရာမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း အလျှင်းမပြုလုပ်ဘဲ ပကတိအရှိတရားကို ကမ္ဘာက သိရှိနားလည်စေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၇ ရက်က ကြေညာထားပါတယ်။ 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ တရားရုံးမှာ ကြားနာရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013