DVB Logo
Home
မြန်မာသတင်း
ထက်အဉ္ဇလီ နှုတ်ဆက်ထွက်ခွာခဲ့ရပြီး ပြိုင်ပွဲဝင် ၆ ဦးသာ ကျန်ရှိတော့သည့် မြန်မာအိုင်ဒေါည
DVB
·
November 30, 2019
ထက်အဉ္ဇလီ နှုတ်ဆက်ထွက်ခွာခဲ့ရပြီး ပြိုင်ပွဲဝင် ၆ ဦးသာ ကျန်ရှိတော့သည့် မြန်မာအိုင်ဒေါည
Donate to DVB

မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 4 ရဲ့ Result Show မှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံးဖြစ်တဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် ထက်အဉ္ဇလီက နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

Top Finalists ၁၁ ဦးနဲ့ စတင်ခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 ရဲ့ ယှဉ်ပြိုင်မှုဟာ သီတင်းပတ် ၅ ပတ်ကို ဖြတ်ကျော်ခဲ့ပြီးချိန်မှာတော့ လတ်တလော ပြိုင်ပွဲဝင် ၆ ယောက်သာ ကျန်ရှိနေပါတော့တယ်။

ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံးသီတင်းပတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက တဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က ပထမဆုံး နှုတ်ဆက် အိမ်ပြန်ခဲ့ရတာပါ။

ဒုတိယမြောက် သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်တဲ့ညမှာတော့ နော်စေးစေးထူးက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ဒိုင်တွေက Save လုပ်ပြီး ပြန်လည်ရွေးချယ်မှုနဲ့ နောက်တဆင့် ဆက်တက်ခဲ့တာမို့ တတိယသီတင်းပတ် တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ မဲအနည်းဆုံး ၂ ဦးဖြစ်တဲ့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ ပြိုင်ပွဲက တဆင့်ဖြုတ်ချခဲ့ရတာပါ။

စတုတ္ထမြောက် ကန်းထရီးသီတင်းပတ်ကတော့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ စိတ်လှုပ်ရှားစေခဲ့တဲ့ သီတင်းပတ် ဖြစ်ခဲ့ရပါတယ်။

တူညီတဲ့ အပြိုင်အဆိုင် ကြိုးစားမှုတွေကြားက ပြိုင်ပွဲဝင် ၈ ယောက်ထဲက Bottom 3 မှာ ထိုင်ခဲ့ရသူတွေဟာ အရင်သီတင်းပတ်တွေမှာ တခါမှ မထိုင်ခဲ့ဖူးသူတွေဖြစ်တဲ့ မြန် မာအိုင်ဒေါစတားတွေလို့တောင် တင်စားပြောဆိုကြရတဲ့ အေးမြဖြူ၊ အက်စတာဒေါ့သ်ချင်းဆုန်နဲ့ တန်ခွန်ကျော်တို့ ဖြစ်နေခဲ့ကြတာပါ။

သူတို့ ၃ ယောက်ထဲက ပရိသတ် မဲပေးတဲ့ အရေအတွက် အနည်းဆုံးတယောက်ကတော့ တန်ခွန်ကျော် ဖြစ်ခဲ့တာမို့ သူ့ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာ ဖြစ်ခဲ့ရတာပါ။

ခုတခါ ပဉ္စမမြောက်သီတင်းပတ်မှာတော့ စိုးလွင်လွင် သီချင်းတွေနဲ့ ပြိုင်ပွဲဝင် ၇ ယောက်က အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ တဦးကတော့ သေချာ ပေါက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ၃ ယောက်အဖြစ် နာမည်ကြီး ပြိုင်ပွဲဝင် အေးမြဖြူ၊ မူးလာနဲ့ ထက်အဉ္ဇလီတို့က Bottom 3 မှာ ထိုင်ခဲ့ရတာပါ။

သူတို့ထဲက နောက်တဆင့် တက်လှမ်းသွားမယ့်သူကို အရင်ဆုံး ကြေညာချိန်မှာတော့ အေးမြဖြူက တက်ရောက်သွားခဲ့ပြီး မူးလာနဲ့ ထက်အဉ္ဇလီတို့သာ ကျန်ရှိချိန်မှာတော့ စိတ်ဝင်စားမှုတွေ ပိုမိုမြင့်တက်လာခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးထဲက နှုတ်ဆက်အိမ်ပြန်ရမယ့်သူကို ကြေညာလိုက်ချိန်မှာတော့ ထက်အဉ္ဇလီ ဖြစ်ခဲ့ပြီး မူးလာကတော့ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထက်အဉ္ဇလီက တေးသံရှင် အိမ့်ချစ်ရဲ့ အောင်မြင်မှုနောက်ကွယ် သီချင်းနဲ့ နှုတ်ဆက်အိမ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးနေကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင် ၆ ဦးဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ နော်စေးစေးထူး၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က ဆက်လက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး နောက်တပတ်မှာတော့ ဟေမာန်ဆောင်းသီချင်းတွေနဲ့ ပြိုင်ပွဲဝင်ကြမှာ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။

အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲ ဆိုတာကိုတော့ အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013