DVB Logo
Home
မြန်မာသတင်း
The Mask Singer မှာ ကျားမျက်နှာဖုံးနှင့် ပိုင်တံခွန်သီဆိုခဲ့သည့် "Be My Meow Meow" သီချင်း (ရုပ်သံ)
DVB
·
November 29, 2019
The Mask Singer မှာ ကျားမျက်နှာဖုံးနှင့် ပိုင်တံခွန်သီဆိုခဲ့သည့် "Be My Meow Meow" သီချင်း (ရုပ်သံ)
Donate to DVB

       နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ မော်ဒယ် ပိုင်တံခွန်သီဆိုထားတဲ့ "Be My Meow Meow" အမည်ရတဲ့ သီချင်းဟာ လတ်တလော သူ့ရဲ့ ပရိသတ်တွေကြားမှာတော့ ရေပန်းစားလို့နေပါတယ်။

       ဒီသီချင်းကိုတော့ တေးရေး စောခူဆဲနဲ့ Venus Saksiri တို့က ပူးပေါင်းဖန်တီးခဲ့ကြ တာဖြစ်ပြီး ပိုင်တံခွန်က The Mask Singer Myanmar အစီအစဉ်မှာ သီဆိုဖျော်ဖြေခဲ့ တာပါ။

       နာမည်ကြီး အနုပညာရှင်တွေ မျက်နှာဖုံးတွေတပ်ပြီး တင်ဆက်ဖျော်ဖြေကြတဲ့ ဒီ အစီအစဉ်ဟာ ပရိသတ်တွေ လက်ခံအားပေးမှုတွေလည်း ရရှိထားခဲ့တဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။

       ပိုင်တံခွန်ကတော့ ဒီအစီအစဉ်မှာ ကျားမျက်နှာဖုံးတပ် ပါဝင်ဖျော်ဖြေခဲ့ပြီး အားလုံးကို ထင်မှတ်မထားတဲ့ အံ့အားသင့်စရာတွေနဲ့အတူ ခန့်မှန်းစေခဲ့တာပါ။

       မော်ဒယ် ပိုင်တံခွန်ဟာ မြန်မာပရိသတ်တွေဟာမက ထိုင်းပရိသတ်တွေကြားမှာပါ လတ်တလော ရေပန်းစားနေသူတဦးဖြစ်ကာ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ လတ်တလောအချိန်ထိ အားပေးကြတဲ့ ပရိသတ်(Followers) တသန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

       ပိုင်တံခွန်ရဲ့ သီဆိုမှုနဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ The Mask Singer Myanmar ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ပြီး လက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ည ၇.၃၀ နာရီမှာ ChannelMe ရုပ်သံလိုင်းမှာ ထုတ်လွှင့်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013