DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲမဆွယ်ရဟု ဥပဒေတွင် ပိတ်ပင်ထားခြင်းမရှိဟု ကော်မရှင်ပြော
DVB
·
November 28, 2019
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ မဲမဆွယ်ရဟု ဥပဒေတွင် ပိတ်ပင်ထားခြင်းမရှိဟု ကော်မရှင်ပြော
Donate to DVB

နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နိုင်ငံတော်ကပေးထားတဲ့ အသုံးအဆောင်တွေနဲ့ မဲမဆွယ်ရဘူးဆိုပြီး ဥပဒေမှာ ပိတ်ပင်ထားတာမရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။  

ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံတော်ရဲ့ငွေကြေးပစ္စည်း၊ မြေတစုံတရာ တရား ဝင်ပိုင်ဆိုင်သုံးစွဲခွင့် ရထားရင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ်လို့ ပြဋ္ဌာန်းထားသလို နိုင်ငံတော်က လုံခြုံရေးအတွက် စီစဉ်ပေးထားတဲ့ကိစ္စတွေကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာလည်း မရှိဘူးလို့ နိုဝင်ဘာ ၂၇ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြုလုပ်တဲ့ အပတ်စဉ်ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ  ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောတာပါ။

အဲ့ဒါကြောင့် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နိုင်ငံတော်ကပေးထားတဲ့ အသုံးအဆောင် တွေနဲ့ မဲမဆွယ်ရဘူးဆိုပြီး ဥပဒေမှာ ပိတ်ပင်ထားတာမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တွေအတွက် ရွေးကောက်ပွဲ အသုံးစရိတ်ကို ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၁၅၀ ထိ တိုးမြှင့်ပေးထားပေမယ့် ကျန်ကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ်ကိုတော့ မူလအတိုင်း ကျပ် သိန်း ၁၀၀ ပဲ ခွင့်ပြုထားတယ်လို့ လည်း ပြောပါတယ်။ 

အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်ကို မသတ်မှတ်ရသေးပေမယ့်  ရွေးကောက်ပွဲ အသုံးစရိတ် ကျပ် ၅၀ ဘီလီယံ သုံးစွဲမယ်လို့ သိရပါတယ်။

လက်ရှိအချိန် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ် ၅ မြို့နယ်ကလွဲပြီး ကောက်ယူထားတဲ့ အခြေခံမဲစာရင်း ၃၇ သန်း ကျော်ရှိတယ်လို့ ကော်မရှင်က သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013