DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် တိုက်ပွဲပြင်းထန်၊ ဒဏ်ရာရအရပ်သား ၁ ဦး သေဆုံး
DVB
·
November 28, 2019
မြောက်ဦးတွင် တိုက်ပွဲပြင်းထန်၊ ဒဏ်ရာရအရပ်သား ၁ ဦး သေဆုံး
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာက  ကျေးရွာသားတဦးဟာ နွားလွှတ်ဖို့သွားရောက်စဉ် သေနတ် ကျည်ဆန်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ ရက် မနက်က မြောက်ဦးဆေးရုံမှာ သေဆုံးသွားပါတယ်။

ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးဦးသိန်းရွှေမောင်က “ကျောင်းတောင်ကျေးရွာကနေ ဒဏ်ရာရပြီးနောက် ပန်းမြောင်းဆေးရုံကို သွားတယ်။ အဲ့ဒီကနေတဆင့် မြောက်ဦးဆေးရုံသွားတယ်။ မြောက်ဦးဆေးရုံမှာ သန်းခေါင်ယံ ၂ နာရီမှာ ဆုံးသွားတယ်။ အဲ့ဒီကလာကတည်းကလည်း သွေးထွက်လွန်နေတာ။ သွေးထွက်လွန်ပြီးတော့ သေဆုံးတာ”လို့ ပြောပါတယ်။

သေဆုံးသွားသူဟာ ကျောင်းတောင်ကျေးရွာက ဦးသိန်းထွန်းကျော် ၃၆ နှစ်ဖြစ်ပြီးရွာအနားမှာ နွားကိုလွှတ်မယ်ဆိုပြီးတော့ နိုဝင်ဘာ ၂၇ ရက် မနက် ၇ နာရီအချိန်မှာ သွားတာအဲ့ဒီမှာ မြောက်ဘက်ကနေ ပစ်လိုက်တဲ့ကျည်မှန်တာဖြစ်တယ်လို့ ကျောင်းတောင် ကျေးရွာသားတွေက ပြောပါတယ်။

ကျောင်းတောင်ရွာ မြောက်ဘက် တောင်တန်းမှာ နှစ်ဖက် တိုက်ပွဲဖြစ်နေတွေ ပြင်းပြင်းဖြစ်နေတဲ့အချိန်လည်းဖြစ်ပြီး ဘယ်ဘက်က ပစ်လိုက်တဲ့ကျည်ကြောင့် ခုလို ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုကိုတော့ ပြောဖို့ခက်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်း ၆ နာရီက စလို့ မြောက်ဦးမြို့နယ် ကျောင်းတောင် ကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး ညနေပိုင်းမှာတပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ကူးပေးခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲတွေ တနေ့ကုန်ဖြစ်တယ်လို့ပြောလို့ရမယ်။ ဖြစ်လိုက်၊ ခဏရပ်လိုက် အဲလို ဖြစ်နေကြတာ။ မနက် ၆ နာရီကနေ ဖြစ်တာ။ ညနေ ၄ နာရီအထိဖြစ်နေကြတာ။ ရွာရဲ့ မြောက်ဘက်မှာဖြစ်တာ။ အဲ့ဒီတောင်တန်းတလျှောက်ဖြစ်နေကြတာလေ။ ညကျတော့ လေယာဉ် နှစ်စီးနဲ့ပစ်ကူပေးတယ်။ အဲ့ဒီတိုက်ပွဲဖြစ်နေရာကို လေးခါလောက်ပတ် ပစ်ပြီးတော့ ပစ်ခတ်တာတွေ လုပ်တယ်။”လို့ မျက်မြင်ရွာသားတဦးက ပြောပါတယ်။ 

တိုက်တွေကြောင့် ကျောင်းတောင်ကျေးရွာက နေအိမ်တချို့ ကျည်ထိမှန်ပျက်စီးခဲ့ပြီး ကျောင်းတောင်ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကို ပန်းမြောင်းတောင်ဖြူတောင် တပ်မတော်အမြောက်စခန်းကနေ လက်နက်ကြီးအမြောက်တွေနဲ့ ပစ်ခတ်တာတွေ့ရတယ်လို့ မြောင်းဒေသခံတွေက ပြောပါတယ်။

ကျောင်းတောင်ရွာမှာ နေအိမ် ၆၀၀ ကျော်ရှိပြီး  ကျောင်းတောင်ကျေးရွာ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ရွာသားတွေဟာ နီးစပ်ရာ ပန်းမြောင်းကျေးရွာ၊ ရွှေကျန်ကျေးရွာနဲ့ မြောက်ဦးမြို့ထက်စတဲ့ ဘေးလွတ်ရာတွေကို ထွက်ပြေးသွားကြတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်း ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ နောက်မှာပြန်ဆက်ဖို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013