နေတိုး၊ ပိုင်ဖြိုးသုနှင့် သရုပ်ဆောင်စုံတွဲ ၄ တွဲပါ မြန်မာ့ရုပ်ရှင်ရာပြည့်ပြက္ခဒိန် ထွက်ရှိ(ဓာတ်ပုံ)

မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးစုံတွဲ ၄ တွဲပါဝင်ထားကြတဲ့ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပြက္ခဒိန်ထွက်ရှိလာပြီး မကြာခင်မှာ ဖြန့်ချိသွားတော့မှာဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးက ကြေညာပါတယ်။
ဒီပြက္ခဒိန်ကိုတော့ ၁၉၂၀ ပြည့်နှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ငွေရတုကာလ၊ ၁၉၄၅ ခုနှစ်ကနေ ၁၉၇၀ ပြည့်နှစ်အထိ ရွှေရတုကာလ၊ ၁၉၇၀ ပြည့်နှစ်ကနေ ၁၉၉၅ ခုနှစ်အထိ စိန်ရတုကာလ၊ ၁၉၉၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ရာပြည့်ကာလ ဆိုပြီး သရုပ်ဆောင် စုံတွဲတွေရဲ့ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုနဲ့ အပြင်အဆင်သရုပ်ဖော်ပုံတွေနဲ့ ဓာတ်ပုံ မိုးမင်း Rays က အထူးဖန်တီး ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
ဒီပြက္ခဒိန်ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်စုံတွဲ ၄ တွဲကတော့ နေတိုးနဲ့ ပိုင်ဖြိုးသု၊ အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်၊ ဒေါင်းနဲ့ အေးမြတ်သူ၊ မြင့်မြတ်နဲ့ အိချောပိုတို့ ဖြစ်ကြပြီး ဖြန့်ချိမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။











