DVB Logo
Home
မြန်မာသတင်း
Myanmar’s Pride Awards ဂီတကဏ္ဍဆန်ကာတင်စာရင်းတွင် နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း၊ ဓီရာမိုရ်၊ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင်
DVB
·
November 28, 2019
Myanmar’s Pride Awards ဂီတကဏ္ဍဆန်ကာတင်စာရင်းတွင် နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း၊ ဓီရာမိုရ်၊ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင်
Donate to DVB

    ကဏ္ဍအသီးသီးမှ လေးစားအသိအမှတ်ပြုခံရသူတွေကို ရွေးချယ်ချီးမြှင့်မယ့် Myanmar’s Pride Awards ရဲ့ တေးဂီတကဏ္ဍဆန်ကာတင်စာရင်းမှာ နာမည်ကြီး တေး သံရှင်တွေ ဖြစ်ကြတဲ့ နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း၊ ဓီရာမိုရ်နဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင် နေကြပါတယ်။

ဒီဆုဟာ ကဏ္ဍအမျိုးမျိုးမှ စွမ်းဆောင်နိုင်သူတွေကို ပေးအပ်ချီးမြှင့်တဲ့ ဆုဖြစ်ပြီး အများပြည်သူကပေးသော မဲတွေနဲ့ သက်ဆိုင်ရာအကဲဖြတ်ဒိုင်လူကြီးတွေရဲ့ မဲတွေကို ပေါင်းစပ်ပြီး ရွေးချယ်မှာ ဖြစ်ပါတယ်။

    ရွေးချယ်ချီးမြှင့်သွားမယ့် ကဏ္ဍတွေကတော့ အားကစားကဏ္ဍ၊ အနုပညာနှင့်ဓါတ် ပုံကဏ္ဍ၊ လူမှုအကျိုးပြုကဏ္ဍ၊ ရုပ်ရှင်အနုပညာကဏ္ဍ၊ ဖက်ရှင်ဒီဇိုင်းကဏ္ဍ၊ အလှမယ်နှင့် မော်ဒယ်ကဏ္ဍ၊ တေးဂီတကဏ္ဍ၊ လူမှုဦးဆောင်ကဏ္ဍ၊ စွန့်ဦးတီထွင်ကဏ္ဍစတဲ့ ကဏ္ဍတွေ ပဲ ဖြစ်ပါတယ်။

    အခုနှစ်ရဲ့ တေးဂီတကဏ္ဍအတွက် ဂျူရီလူကြီးတွေအနေနဲ့ ပါဝင်နေတာကတော့ တေးရေးမြင့်မိုးအောင်၊ ဥက္ကာဦးသာနဲ့ ဝါရင့်မြန်မာသံအဆိုတော် တက္ကသိုလ်လဲ့လဲ့တို့ပဲ ဖြစ်ပါတယ်။

    ဆုရရှိဖို့ စံနှုန်းသတ်မှတ်ချက်တွေထဲမှာတော့ လက်ရှိမြန်မာပြည်မှာ နေထိုင်သည် ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ၊  မြန်မာပြည်ဖွား သို့မဟုတ် မြန်မာ လူမျိုး မြန်မာပြည်ကို ကိုယ်စားပြုသူ၊ အသက် ၅၀ ထက်မကျော်တဲ့ သူဖြစ်ရမှာဖြစ်ကာ တေးဂီတကို  ဆန်း သစ်တီထွင်ခြင်းနဲ့ဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံတကာအဆင့်မှီ အလုပ်ကျင့်ဝတ်တွေနဲ့ ဖြစ်စေ ဂီတလောကကို အကျိုးပြုနေသူဖြစ်ရမှာဖြစ်ပြီး အနုပညာလက်ရာတွေကို နိုင်ငံရပ်ခြားမှာ ပြသဖူးပြီး နိုင်ငံတကာက အသိအမှတ်ပြုခံထားရသူ၊ မြန်မာပြည်တွင်းမှာလည်း ဆုတွေရရှိထားသူဖြစ်ရမယ်လို့ Myanmar’s Pride Awards ရဲ့ တရားဝင်ဝက်ဘ် ဆိုက်ဒ် စာမျက်နှာပေါ်မှာ ဖော်ပြထားတာပါ။

    လတ်တလောမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့သူကို မဲပေးရွေးချယ်နိုင်ဖို့ ထုတ်ပြန်ကြေညာထားပြီး ဆုရွေးချယ်ရာမှာတော့ အများပြည်သူတွေရဲ့ မဲတွေ(SMS စာ တိုမှ တဆင့်ပေးသောမဲမှ ၄၀ ရာခိုင်နှုန်း၊ Facebook Chatbot မှတဆင့်ပေးသောမဲမှ ၄၀ ရာခိုင်နှုန်း) ၈၀ ရာခိုင်နှုန်းနဲ့  အကဲဖြတ်ဒိုင်လူကြီးတွေက ပေးတဲ့ မဲ ၂၀ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး အဆုံးအဖြတ်ပြုရွေးချယ်မှာ ဖြစ်ပါတယ်။

မဲပေးတာတွေကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက စတင်ပေးနိုင်နေ ပြီဖြစ်ကာ လာမယ့် ၂၀၂၀ ပြည့်နှစ်၊  ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ မဲပေးနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013