DVB Logo
Home
မြန်မာသတင်း

ဇော်ဂျီဖောင့် တီထွင်သူ ဦးရဲမြတ်သူ Digital Courage ဆုရရှိ

DVB
·
November 28, 2019
ဇော်ဂျီဖောင့် တီထွင်သူ ဦးရဲမြတ်သူ Digital Courage ဆုရရှိ
1 / 4
Donate to DVB

Friedrich Nauman Foundation က ချီးမြှင့်တဲ့ ၂၀၁၉ခုနှစ်ရဲ့ Digital Courage Award ဆုကို မြန်မာစာဇော်ဂျီဖောင့်ကို ပထမဆုံးတီထွင်ခဲ့တဲ့  ဦးရဲမြတ်သူက ရရှိပါတယ်။

ဒစ်ဂျစ်တယ်ခေတ်မှာလွတ်လပ်မှုအတွက် တိုက်ပွဲဝင်ကြသူတွေကို ရည်ရွယ်ပြီး ပေးအပ်တဲ့ Digital Courage Award ပေးအပ်တဲ့ အခမ်းအနားကို နိုဝင်ဘာ ၂၇ရက်က Park Royal Hotel မှာကျင်းပခဲ့တာပါ။

ဒီဂျစ်တယ်နည်းပညာအသိုင်းအဝိုင်းမှာ အများနဲ့မတူဘဲ ထူးခြားတဲ့သူရသတ္တိကို ပြသနိုင်သူဖြစ်တဲ့အတွက် ဦးရဲမြတ်သူကို  ဆုချီးမြှင့်ဖို့ ရွေးချယ်တာလို့ Friedrich Nauman Foundation မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့ အကြီးအကဲဖြစ်သူ ဖက်ဒရစ်စပွန်ဟာက အဲဒီအခမ်းအနားမှာ ပြောပါတယ်။

Digital Courage Award ဆုကို မြန်မာနိုင်ငံရှိ သတ္တိအပြောင်မြောက်ဆုံး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူတွေကို ၂၀၁၈ခုနှစ်ကစလို့ နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 

သတင်း - နူးရာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013