DVB Logo
Home
မြန်မာသတင်း
Myanmar's Pride Awards ဆန်ကာတင်စာရင်းတွင် နေတိုး၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသုတို့ ပါဝင်
DVB
·
November 27, 2019
Myanmar's Pride Awards ဆန်ကာတင်စာရင်းတွင် နေတိုး၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသုတို့ ပါဝင်
Donate to DVB

       ကဏ္ဍအသီးသီးမှ လေးစားအသိအမှတ်ပြုခံရသူတွေကို ရွေးချယ်ချီးမြှင့်မယ့် Myanmar's Pride Awards ရဲ့ ရုပ်ရှင်အနုပညာကဏ္ဍဆန်ကာတင်စာရင်းမှာ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်နဲ့ ပိုင်ဖြိုး သုတို့ ပါဝင်နေကြပါတယ်။

ဒီဆုဟာ ကဏ္ဍအမျိုးမျိုးမှ စွမ်းဆောင်နိုင်သူတွေကို ပေးအပ်ချီးမြှင့်တဲ့ ဆုဖြစ်ပြီး အများပြည်သူကပေးသော မဲတွေနဲ့ သက်ဆိုင်ရာအကဲဖြတ်ဒိုင်လူကြီးတွေရဲ့ မဲတွေကို ပေါင်းစပ်ပြီး ရွေးချယ်မှာ ဖြစ်ပါတယ်။

       ရွေးချယ်ချီးမြှင့်သွားမယ့် ကဏ္ဍတွေကတော့ အားကစားကဏ္ဍ၊ အနုပညာနှင့်ဓါတ် ပုံကဏ္ဍ၊ လူမှုအကျိုးပြုကဏ္ဍ၊ ရုပ်ရှင်အနုပညာကဏ္ဍ၊ ဖက်ရှင်ဒီဇိုင်းကဏ္ဍ၊ အလှမယ်နှင့် မော်ဒယ်ကဏ္ဍ၊ တေးဂီတကဏ္ဍ၊ လူမှုဦးဆောင်ကဏ္ဍ၊ စွန့်ဦးတီထွင်ကဏ္ဍစတဲ့ ကဏ္ဍတွေ ပဲ ဖြစ်ပါတယ်။

       အခုနှစ်ရဲ့ ရုပ်ရှင်အနုပညာကဏ္ဍအတွက် ဂျူရီလူကြီးတွေအနေနဲ့ ပါဝင်နေတာက တော့ အကယ်ဒမီသရုပ်ဆောင်မင်းသား ရန်အောင်၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) နဲ့ အကယ်ဒမီသရုပ်ဆောင်မင်းသမီး ချိုပြုံးတို့ပဲ ဖြစ်ပါတယ်။

       ဆုရရှိဖို့ စံနှုန်းသတ်မှတ်ချက်တွေထဲမှာတော့ လက်ရှိမြန်မာပြည်မှာ နေထိုင်သည် ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ၊  မြန်မာပြည်ဖွား သို့မဟုတ် မြန်မာ လူမျိုး မြန်မာပြည်ကို ကိုယ်စားပြုသူ၊ အသက် ၅၀ ထက်မကျော်တဲ့ သူဖြစ်ရမှာဖြစ်ကာ ဖျော်ဖြေရေးကို  ဆန်း သစ်တီထွင်မှုအားနဲ့ဖြစ်စေ၊ သူတို့ရဲ့ နိုင်ငံတကာအဆင့်မီ အလုပ်ကျင့်ဝတ်တွေနဲ့ဖြစ်စေ ရုပ်ရှင်အနုပညာလောကကို အကျိုးပြုနေသူဖြစ်ရမှာဖြစ်ပြီး အနုပညာလက်ရာတွေကို နိုင် ငံရပ်ခြားတွင် ပြသဖူးပြီး နိုင်ငံတကာက အသိအမှတ်ပြုခံထားရသူ၊ မြန်မာပြည်တွင်းမှာ လည်း ဆုတွေရရှိထားသူဖြစ်ရမယ်လို့ Myanmar's Pride Awards ရဲ့ တရားဝင်ဝက်ဘ် ဆိုက်ဒ်စာမျက်နှာပေါ်မှာ ဖော်ပြထားတာပါ။

       လတ်တလောမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့သူကို မဲပေးရွေးချယ်နိုင်ဖို့ ထုတ်ပြန်ကြေငြာထားပြီး ဆုရွေးချယ်ရာမှာတော့ အများပြည်သူတွေရဲ့ မဲတွေ(SMS စာ တိုမှတဆင့်ပေးသောမဲမှ ၄၀ ရာခိုင်နှုန်း၊ Facebook Chatbot မှတဆင့်ပေးသောမဲမှ ၄၀ ရာခိုင်နှုန်း) ၈၀ ရာခိုင်နှုန်းနဲ့  အကဲဖြတ်ဒိုင်လူကြီးတွေက ပေးတဲ့ မဲ ၂၀ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး အဆုံးအဖြတ်ပြုရွေးချယ်မှာ ဖြစ်ပါတယ်။

မဲပေးတာတွေကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက စတင်ပေးနိုင်နေ ပြီဖြစ်ကာ လာမယ့် ၂၀၂၀ ပြည့်နှစ်၊  ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ မဲပေးနိုင်မှာ ဖြစ်ပါတယ်။

မနှစ်က ၂၀၁၈ ခုနှစ်မှာတော့ ဖျော်ဖြေရေးကဏ္ဍအတွက် Myanmar’s Pride Award ဆုကို သရုပ်ဆောင်မင်းသမီး အကယ်ဒမီ အိန္ဒြာကျော်ဇင်က ရရှိထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013