စစ်ပွဲရပ်တန့်ရေးဆန္ဒပြသူ ကိုရဲရင့်ကျော်ကို ရုံးထုတ်စစ်ဆေး

ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုဆန္ဒပြခဲ့လို့ ဖမ်းဆီးတရားစွဲခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်း ကိုရဲရင့်ကျော်အမှုကို အောင်မြေသာစံ မြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၂၇ ရက်က စတင်စစ်ဆေးပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများ ရပ်တန့်ရေး၊ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ပြည်သူများ လွတ်မြောက်ရေးတို့အတွက် ၂၀၁၈ ခုနှစ် မေလက မန္တလေးကျုံးဘေးမှာ ဆန္ဒပြခဲ့ ပြီးနောက် ကိုရဲရင့်ကျော်ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က ဖမ်းဆီးခဲ့တာပါ။
Photo - Min Sit Naing / MPA











