DVB Logo
Home
မြန်မာသတင်း
အမျိုးသားစာပေဆုများ ပေးအပ်ချီးမြှင့် 
DVB
·
November 27, 2019
အမျိုးသားစာပေဆုများ ပေးအပ်ချီးမြှင့် 
1 / 12
Donate to DVB

၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန်စာပေဆု ချီးမြှင့်တဲ့အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂီလာဟိုတယ်မှာ ကျင်းပပါတယ်။ 

၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကိုတော့ စာရေးဆရာကြီး တင်မောင်မြင့်နဲ့ ထွန်းအောင်ချိန် တို့က ရရှိပါတယ်။ 

အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို စာရေးဆရာမ ဂျူးက သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာအုပ်နဲ့ ဆုရရှိပြီး ဝတ္ထုတိုပေါင်းချုပ်ဆုကိုတော့ မျှော်လင့်ခြင်းကို မျှားတဲ့ညနေစာအုပ်နဲ့ စာရေးဆရာ မြစ်ကျိုးအင်းက ရရှိပါတယ်။

ကဗျာဆုကို ညဉ့်ပုံပြောသူစာအုပ်နဲ့ ကိုသန်းထွန်း၊ စာပဒေသာဆုကို လေးမြိုင် စာပေသတ္တိဖြင့်ရှင်သန်သူစာအုပ်နဲ့ မသန်းသန်း(မန်းတက္ကသိုလ်)၊ ဘာသာပြန်ရသဆုကို မိစ္ဆာကျွန်းစာအုပ်နဲ့ ဝေယံဘုန်း၊ သုတပဒေသာ ဝိဇ္ဇာဆုကို ဇော်ဂျီ၏ရသပညာ စာအုပ်နဲ့ မြဝင်း(ဒဿန)၊ သုတပဒေသာ အသုံးချသိပ္ပံဆုကို မြေအောက်ရေနှင့် ရေအရေး စာစုများနဲ့ မောင်ကျေးရေ(ဦးမြင့်သိန်း)၊တို့က ရရှိပါတယ်။

နိုင်ငံရေးစာပေဆုကိုတော့ မြန်မာ့နိုင်ငံရေးသမိုင်းထဲက ပြည်သူ့ရဲဘော်စာအုပ်နဲ့ အောင်မြင့်ဦး(မဟာဝိဇ္ဇာ)၊ အင်္ဂလိပ်ဘာသာ သုတဆုကို The Cell Exile And The New Burma စာအုပ်နဲ့ Kyaw Zwa Moe၊ ရသစာပေအက်ဆေးဆုကို သစ်ရွက်ပေါ်က ပျားရည်စက်များ ရသအက်ဆေးစုစည်းမှုစာအုပ်နဲ့ မင်းချမ်းမွန်တို့က ရရှိသွားပါတယ်။

အမျိုးသားစာပေတသက်တာဆုအတွက် တဆုကို ဆုငွေ ကျပ် သန်း ၅၀  ချီးမြှင့်ပြီး ကျန်တဲ့အမျိုးသားစာပေဆုတွေကိုတော့ ဆုငွေကျပ် ၂၅သိန်းစီ ချီးမြှင့်တာ ဖြစ်ပါတယ်။ 

စာပေဗိမာန်ဆု တွေကိုတော့ ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ သုတပဒေသာဆု၊ စာပေသာဆုနဲ့ ပြဇာတ်စာပေဆုစတဲ့ စာပေအမျိုးအစား ၁၂ ခုကို အမျိုးအစားလိုက် ပထမ၊ ဒုတိယနဲ့ တတိယဆု တွေအဖြစ် ချီးမြှင့်ခဲ့ပါတယ်။ 

မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ဖို့၊ သုတရသ အရည်အသွေး ပြည့်မှီတဲ့စာပေဖြစ်လာစေဖို့နဲ့ ပြည်ထောင်စုတိုင်းရင်းသားတွေ သွေးစည်းညီညွှတ်မှုရှိစေဖို့အတွက် ရည်ရွယ်ချီးမြှင့်ပေးတဲ့ အမျိုးသားစာပေဆုချီးမြှင့်အခမ်းအနားကို နိုင်ငံတော်သမ္မတ၊ ပြန်ကြားရေးဝန်ကြီးနဲ့  စာပေလောကသားတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013