
ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့အနီး အင်အား ရစ်ခ်တာ စကေး ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီ ၂၃ မိနစ် ၄၇ စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ တောင်ဘက်(၈) မိုင်ခန့်ကွာဝေးတဲ့ စစ်ကိုင်းတိုင်း တမူးမြို့ရဲ့ တောင်ဘက် ၉ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် (၂၄.၀၉) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၂၉)ဒီဂရီ၊ အနက် ၅၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး(၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားခဲ့ပါတယ်။











