DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းများတွင် အသင့်စား မုန့်ကင်းစင်ရေး စီမံချက်စတင် 
DVB
·
November 26, 2019
စာသင်ကျောင်းများတွင် အသင့်စား မုန့်ကင်းစင်ရေး စီမံချက်စတင် 
Donate to DVB

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေမှာ အသင့်စား မုန့်ကင်းစင်ရေး စီမံချက်အနေနဲ့ FDA ကနေ ထောက်ခံချက်ရရှိထားတဲ့ အသင့်စားမုန့်ထုတ်တွေကိုပါ ကျောင်းမုန့်ဈေးတန်းတွေမှာ မရောင်းဖို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းကနေ စတင်အသိပညာပေးဟောပြောနေပါတယ်။

ပထမအကြိမ် အသိပညာပေး ပြောကြားခဲ့ပေမယ့် စည်းကမ်းမလိုက်နာရင် ကျောင်းထဲ မုန့်ရောင်းချခွင့်ရတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

အသင့်စား မုန့်ကင်းစင်ရေးစီမံချက်အနေနဲ့ ပထမအကြိမ် အသိပညာပေးတာကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာရှိတဲ့ အ.ထ.က (၁) မှာ စတင် ပြုလုပ်ခဲ့တာပါ။

အခုလို ကျောင်းမုန့်ဈေးတန်းတွေမှာ အသင့်စားမုန့်ထုတ်တွေ ရောင်းချတာတွေကို ပထမ အကြိမ်အဖြစ် အသိပညာပေးတာ၊ ဒုတိယအကြိမ်အဖြစ် သတိပေး လုပ်ဆောင်တာတွေ ဆောင်ရွက်မှာ ဖြစ်ပြီး ၃ ကြိမ်မြောက်မှာတော့ ကျောင်းတာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်း အ.ထ.က (၁) အထက်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ် ဒေါ်သီတာစိုးက ပြောပါတယ်။

မြန်မာတ‌နိုင်လုံးမှာရှိတဲ့ ကျောင်းတွေမှာ အသင့်စား မုန့်ကင်းစင်ရေးစီမံချက်အနေနဲ့ ရန်ကုန် အပါအဝင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေအထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

စီမံချက်ကာလအနေနဲ့ တလအကြာမှာ တားမြစ်မုန့်တွေထဲ လုပ်ငန်းလိပ်စာမပါတဲ့ အချိုရည်ဘူးတွေ၊ ဆိုးဆေးသုံးထားတဲ့ တုတ်ထိုးနဲ့ အကင်၊ အချဉ်ရည်တွေနဲ့၊ တရုတ်ကလာတဲ့ မုန့်ထုတ်တွေ စတဲ့ ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေ တွေ့တာနဲ့ ကျောင်းအတွင်း ဈေးရောင်းချခွင့် ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013