
‘ဒုက္ခဆင်းရဲအတွက် မွေးဖွားခဲ့ခြင်းလား’ (Am I born to suffer?) အမည်ရှိ ကဗျာ ပြဇာတ်ကို နိုဝင်ဘာ ၂၄ ရက် ညနေက ရန်ကုန်မြို့ Old Tourist Burma Building မှာ တင်ဆက်ခဲ့သည်။
UNITED ACT အဖွဲ့က ဇာတ်လမ်းနဲ့ ဇာတ်ညွန်း ရဲရင့်နောင်၊ အနုပညာဒါရိုက်တာ ထက်နောင်ဦးနဲ့ အဖွဲ့ဝင် ကလေးတွေနဲ့ လူငယ်တွေက တင်ဆက်ခဲ့ကြတာပါ။
ကလေးလေးတွေ လမ်းမတွေပေါ်မှာ ဒုက္ခရောက်နေပုံ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရပုံ၊ အကြမ်းဖက်မှုတွေခံနေရပုံ၊ စွန့်ပစ်ခံ၊ ခွဲခြားဆက်ဆံခံ၊ အမြတ်ထုတ်ခံနေရပုံ၊ ပဋိပက္ခတွေ စစ်ပွဲတွေကြားမှာ ပြေးလွှားနေပုံနဲ့ အကာအကွယ်မဲ့ပုံတွေကို ကဗျာ ပြဇာတ်နဲ့ ပုံဖော်တင်ဆက် ခဲ့တာ ဖြစ်ပါတယ်။ Photo - Mar Naw / MPA










