DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် မဲစာရင်းကောက်ယူပြီးစီး 
DVB
·
November 25, 2019
၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် မဲစာရင်းကောက်ယူပြီးစီး 
Donate to DVB

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအ၀င် မြို့နယ် ၁၇  မြို့နယ်မှာ မဲဆန္ဒရှင်စာရင်းကောက်ယူပြီးစီးသွားပြီလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့်  လာမယ့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုတော့ ရခိုင်ပြည်နယ်မှာ ကျင်းပသွားမယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင်းစခန်းတွေမှာရောက်ရှိနေတဲ့ လူဦးရေနဲ့ ဒေသတွင်းမှာမရှိတဲ့ အဝေးရောက်လူတချို့မဲစာရင်းတွေမှာ ကျန်နေတာရှိပေမယ့် ၂၀၁၅ ခုနှစ် ရှိပြီးသားဖြစ်တဲ့ အခြေခံမဲစာရင်းကိုမူတည်ပြီးပြုစုတာဖြစ်တာကြောင့် မဲစာရင်းအနည်းငယ် သာကျန်ရှိမယ်လို့ ဆိုပါတယ်။

လက်ရှိတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေဖြစ်လို့ နေရပ်စွန့်ခွာထွက်ပြေး နေကြတာများပြားလာတာကြောင့် ကျေးရွာတွေမှာ လူတွေမရှိတော့ဘဲ အခြားနေရာအသီးသီး ရောက်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပ ဖြစ်မဖြစ်ဆိုတာကိုတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ စိုးရိမ်မှုတွေမရှိသလို တကယ့်လွတ်လပ်ပြီး တရားမျှတဲ့  ရွေးကောက်ပွဲဖြစ်မလားဆိုတဲ့အပေါ်မှာတော့ မေးခွန်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ မဲရုံပေါင်း ၂၁၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး  မဲပေးခဲ့သူဦးရေ ၁၄ သိန်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ နယ်မြေမငြိမ်သက်လို့ မဲဆန္ဒနယ် ၁၀၀ ကျော်ထဲက  မဲဆန္ဒနယ် ၃၀ လောက် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013