DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်ရာပြည့်ကျင်းပရေး ကော်မတီများမှ ကျောင်းသားသမဂ္ဂနုတ်ထွက်
DVB
·
November 24, 2019
Donate to DVB

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်ကျင်းပရေး ကော်မတီအသီးသီးကနေ နုတ်ထွက်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။

သမဂ္ဂဟာ အစိုးရဦးဆောင်တဲ့ ရာပြည့်သဘင်ကျင်းပရေး ကော်မတီ၊ ဆပ်ကော်မတီတွေမှာ အဖွဲ့ဝင်အဖြစ်ပါဝင်နေပြီး ဒါဟာ ကျောင်းသားထုအတွက် ဘယ်လိုအကျိုးမှ မဖြစ်ထွန်းစေဘဲ အစိုးရ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကိုလုပ်ဖို့နဲ့ အဲဒီလုပ်ငန်းတွေကို ကြားဝင် တာဝန်ခံပေးဖို့ပဲ ဖြစ်တယ်လို့ ယူဆကြောင်း ထုတ်ပြန်ထားပါတယ်။

သမဂ္ဂဟာ ဘယ်ပါတီ၊ အစိုးရရဲ့ လက်အောက်ခံမဟုတ် ဆိုတဲ့ မူအရ လက်ရှိ ရန်ကုန်တက္ကသိုလ်မှာ အစိုးရ ပါတီတခုက ဦးဆောင်လုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မယ့် ပျော်ပွဲရွှင်ပွဲကြီးမှာ  ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဟာ အစိုးရလက်ဝေခံအဖြစ် မပါဝင်လိုဘူးလို့လည်း ဆိုပါတယ်။

ဒါကြောင့် ပါဝင်နေတဲ့ ကော်မတီ၊ ဆပ်ကော်မတီတွေကနေ နုတ်ထွက်ပြီး အဲဒီ ကော်မတီ၊ ဆပ်ကော်မတီတွေကနေ ဆွေးနွေးမယ့် အစည်းအဝေးတွေမှာ ဖိတ်ကြားခဲ့ရင်လည်း လေ့လာသူ အနေနဲ့ပဲ တက်ရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဝန်ကြီးအားလုံးနီးပါးက အဖွဲ့ဝင်အဖြစ်ပါနေကြပါတယ်။ 

လာမယ့် ၂၀၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်မှာဖြစ်ပြီး ဗြိတိသျှ တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားနေ့ဟာလည်း နှစ် ၁၀၀ ပြည့်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013