ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ရာမှာ တာဝန်ရှိသူ အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တာတွေ တိုးချဲ့ဖို့ EU နိုင်ငံတွေက သဘောတူခဲ့တယ်လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကားလက်စ်က ဧပြီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
လူဇင်ဘတ်နိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ကားလက်စ်က အရှေ့အလယ်ပိုင်းမှာ EU ရဲ့ ရေတပ်စစ်ဆင်ရေးကို အားဖြည့်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေကို တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။
EU ရဲ့ ရေတပ်ဟာ ယီမင်နိုင်ငံက ဟူသီသူပုန်အဖွဲ့ရဲ့ ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနေပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်-အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုတွေ စခဲ့ပြီးတဲ့နောက် အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ပစ်ခဲ့ပြီး ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ထောက်ပံ့မှု ငါးပုံတပုံလောက်ကို ဖြတ်တောက်ခဲ့ပါတယ်။
Source: Reuters










