DVB Logo
Home
မြန်မာသတင်း
ပုပ္ပားတောင်ကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာအဖြစ် ၂၀၂၀ ပြည့်တွင် တင်သွင်းမည်
DVB
·
November 24, 2019
Donate to DVB

မန္တလေးတိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်နဲ့ အနီးတဝိုက်ကို ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ (UNESCO Global Geopark) အဖြစ် ၂၀၂၀ ခုနှစ်အတွင်း တင်သွင်းဖို့ ရှိနေပါတယ်။

ပုပ္ပားတောင်ကို Global Geopark ဖြစ်ဖို့အတွက် ၂၀၁၆ ဒီဇင်ဘာလကတည်းက စတင်လေ့လာဆောင်ရွက်မှုတွေ ပြုလုပ်နေပြီး လက်ရှိမှာတော့ တင်သွင်းဖို့ ကော်မတီ စတင်ဖွဲ့စည်းပြီးပြီလို့ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောပါတယ်။

ပုပ္ပားတောင် နေရာအချို့မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလက မြေသားနိမ့်ကျမှု ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မိုးရာသီမှာလည်း ပုပ္ပားတောင်ကလပ်အနီးမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပါတယ်။ 

အမိကမ္ဘာစခန်းသာ Global Geopark ဝင်ဖို့ဆိုရင် မြေပြိုမှုအန္တရာယ်ကို စီမံချက်ချပြီး ကာကွယ်ရမယ်လို့ ပုပ္ပားတောင်ချစ်သူများအသင်း နာယကဆရာတော် ဦးယုဇနက  ပြောပါတယ်။

ပုပ္ပားတောင်ဟာ မီးတောင်ဟောင်းဖြစ်တဲ့အတွက် ကျောက်သားတွေဟာ နိမ့်ကျမှုတွေ ဖြစ်နေမှာဖြစ်ပြီး ကျုးကျော်ဆောက်လုပ်မှုတွေ ထိန်းသိမ်းရမယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောပါတယ်။

  စာရင်းတွေအရ ပုပ္ပားတောင်ဟာ တောဧက ၃၁၇၆၃ ဧက ကျယ်ဝန်းပြီး ကမ္ဘာ့ရှားပါး မျောက်မျက်ကွင်းဖြူ အပါအဝင် တောင်ရိုင်းတိရစ္ဆာန် ၂၉၅ မျိုး နေထိုင်ကျက်စားပါတယ်။

ဆေးဖက်ဝင်အပင်၊ သစ်ခွပင် အပါအဝင် ၇၅၀ မျိုးရှိပြီး UNESCO အသိအမှတ်ပြုတဲ့ အမိကမ္ဘာစခန်းသာ Global Geopark ဖြစ်ဖို့အတွက် စတင်ဆောင်ရွက်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013