DVB Logo
Home
ကျန်းမာရေး
တစ်နှစ်နောက်ကျမှ ကလေးကို ကျောင်းထားခြင်းရဲ့ အကျိုးဆက်
DVB
·
November 23, 2019
တစ်နှစ်နောက်ကျမှ ကလေးကို ကျောင်းထားခြင်းရဲ့ အကျိုးဆက်
Donate to DVB

မိဘတိုင်းတော့ မဟုတ်ပေမဲ့ တချို့မိဘတွေမှာ ကလေးကို တစ်နှစ်နောက်ကျပြီးမှ ကျောင်းစတက်ဖို့ ပြင်ဆင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မိဘတချို့မှာလည်း ထိုနည်းတူပါပဲ။ အဲ့တော့ ဘာကြောင့် တစ်နှစ်နောက်ကျပြီးမှ ကျောင်းထားရတာလဲလို့ လေ့လာကြည့်တဲ့အခါမှာ မိဘတွေအများစု ပြောခဲ့တာကတော့–

• ကလေးက ဖွံ့ဖြိုးမှုနှေးကွေးတယ်လို့ ခံစားရလို့
• တခြားကလေးတွေထက် ကိုယ့်ကလေးကို လူကောင်ကြီးတယ်လို့ မြင်စေချင်လို့
• အားကစားဘက်မှာလည်း အတန်းတူကလေးတွေထက် ပိုအားထုတ်နိုင်ဖို့
• ကလေးအပေါ် သံယောဇဉ်အရမ်းတွယ်လွန်းနေတဲ့ စိတ်ကြောင့် ကျောင်းကိုလွှတ်လိုက်ရဖို့ စိတ်ထဲ မတင်မကျဖြစ်ခြင်း
• ကလေးအတွက် ကျောင်းစရိတ် ပိုရှာဖို့ အချိန်လိုအပ်တာ စတဲ့ အကြောင်းရင်းတွေကြောင့်ဆိုတာကို တွေ့ရပါတယ်။

အဲ့တော့ မိဘတွေအနေနဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးတွေ ကျောင်းတက်ဖို့ကို နောက်ဆုတ်ပစ်လိုက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ကောင်းကျိုးတွေလည်း ရှိနိုင်သလို အဆင်မပြေမှုတွေလည်း ကြုံလာရနိုင်တယ်ဆိုတာကိုတော့ သေချာသိထားသင့်ပါတယ်။

ကောင်းကျိုးအနေနဲ့ကတော့


• မိဘတွေ အထူးသဖြင့် မေမေတွေအနေနဲ့ ကိုယ်ချစ်ရတဲ့ကလေးနဲ့ တစ်နေ့တာကုန်ဆုံးဖို့ အချိန်ပိုရတယ်။
• သူငယ်တန်း မတက်ခင်မှာ မေမေတွေကိုယ်တိုင် ကလေးကို လိုအပ်တဲ့ သင်ခန်းစာတွေ၊ စာရေးနည်းတွေကို ကိုယ်တိုင်လေ့ကျင့်ပေးလို့ရတယ်။
• ကလေးအနေနဲ့ ကျောင်းတက်တဲ့အခါ စာကို အစိမ်းသက်သက် ဖြစ်မနေတော့ဘူး။
• ဆော့ကစားဖို့ အချိန်တစ်နှစ် ပိုရတယ်။
• မိဘတွေအတွက်လည်း ကလေးရဲ့ ပညာသင်စရိတ်ကို တစ်နှစ်စာ ပိုပြီးစုဆောင်းမိတဲ့အတွက် ကလေးရဲ့ နောင်ရေးစိတ်အေးရတယ်။
• ကျောင်းစတက်တဲ့အချိန်မှာ ကိုယ့်ကလေးက တခြားကလေးတွေထက် အားကစားဘက်မှာ ပိုထူးချွန်သလို စာလည်း ပိုလိုက်နိုင်ပါတယ်။

မကောင်းတဲ့အချက်တွေကတော့


• ကလေးက အတန်းထဲမှာ တစ်ယောက်တည်း ကွက်ပြီး လူကောင်ကြီးနေတာ၊ အသက်ကြီးနေတဲ့အခါ တခြားကလေးတွေနဲ့ သိပ်ပြီး အံဝင်ခွင်ကျမဖြစ်တာ၊ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ သိပ်အဆင်မပြေဘဲ တစ်ယောက်တည်း သီးခြားဖြစ်နေတာ
• ကျောင်းတက်ကာစ အစောပိုင်းလောက်ပဲ ပညာရေးနဲ့ အားကစားမှာ တခြားကလေးတွေထက်သာပြီး နောက်ပိုင်းမှာ မတိမ်းမယိမ်းဖြစ်သွားတတ်တာ
• ကလေးက ပညာသင်ရမယ့်အရွယ်မှာ မသင်ဘဲ အိမ်မှာပဲနေနေတဲ့အတွက် တကယ်တမ်း ကျောင်းတက်တဲ့အချိန် စာလုပ်ချင်စိတ် နည်းသွားတတ်ခြင်း၊ ကျောင်းသွားရမှာ ပိုပြီးစိတ်မပါတော့ခြင်း
• ကျောင်းပြီးလို့ အလုပ်လုပ်ရတော့မယ့်အချိန်မှာ ကိုယ့်ကလေးက တခြားကလေးတွေထက် ပိုပြီးအသက်ကြီးနေခြင်း စတဲ့ ပြဿနာတွေနဲ့ ကြုံလာရနိုင်ပါတယ်။

အဲ့တော့ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မိဘတွေအနေနဲ့ ကိုယ့်သားသမီးနဲ့ အချိန်နည်းနည်း ပိုပြီးအတူနေချင်စိတ်၊ ငွေရေးကြေးရေး အိမ်တွင်းစီးပွားရေးတွေကို ငဲ့ကွက်သင့်တာမှန်ပေမယ့် ကိုယ့်ကလေးရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ နောက်ကျအောင် လုပ်ဖို့အထိတော့ မသင့်လျော်ဘူးလို့ ယူဆချင်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဉာဏ်ရည်ဟာ ၅နှစ်အရွယ်မှာ ကောင်းကောင်းကြီး ဖွံ့ဖြိုးနေပြီးတော့ သူတို့အတွက် မိသားစု၊ အိမ်မဟုတ်ဘဲ အပြင်လောက၊ တခြားကလေးတွေနဲ့ ဆရာမတွေနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ စတင်ဝင်ဆန့်ဖို့ ကြိုးစားသင့်တဲ့ အရွယ်ဖြစ်နေပါပြီ။ ဒါကြောင့် ကိုယ့်ကလေးရဲ့ စိတ်ကျန်းမာရေး၊ လူမှုရေးနဲ့ ဘဝအနာဂတ်လှပစေဖို့ မေမေတို့တွေ ကျောင်းစထားမယ့်အရေး မနှေးအောင် သေချာဂရုစိုက်ပြီး ပြင်ဆင်ထားကြဖို့တော့ လိုမယ်နော်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013