DVB Logo
Home
မြန်မာသတင်း
Miss Supranational 2019 ပြိုင်ပွဲဝင်အလှမယ် အိမ့်မျက်ခြယ် မိတ်ဆက် (ရုပ်သံ)
DVB
·
November 23, 2019
Miss Supranational 2019 ပြိုင်ပွဲဝင်အလှမယ် အိမ့်မျက်ခြယ် မိတ်ဆက် (ရုပ်သံ)
Donate to DVB

ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ Miss Supranational 2019 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အိမ့်မျက်ခြယ်က ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ 

သူ့အကြောင်း မိတ်ဆက်ပြောပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Miss Supranational တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် ဖော်ပြထားတာပါ။

ရုပ်သံဗွီဒီယိုဖိုင်အစမှာတော့ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး မှီတင်းနေထိုင်တဲ့ အရောင်အသွေးစုံတဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ရွှေရောင်လွှမ်းတဲ့ ဘုရားစေတီပုထိုးတွေ ပေါများတာမို့ ရွှေနိုင်ငံလို့ လူသိများ ထင်ရှားတဲ့အကြောင်း၊ မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူရကြောင်း၊ ရှုခင်းအလှအပတွေနဲ့အတူ ရိုက်ကူး ဖော်ပြထားခဲ့တာပါ။

အခုကျင်းပမယ့် Miss Supranational 2019 အလှမယ်ပြိုင်ပွဲကိုတော့ နိုဝင်ဘာ  ၁၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။ 

အသက် ၂၆ နှစ်အရွယ် အလှမယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း Miss Earth Myanmar အလှမယ်သရဖူကို ဆွတ်ခူးရရှိထားခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013