
Miss Supranational 2019 ပြိုင်ပွဲဝင်အလှမယ် အိမ့်မျက်ခြယ်မိတ်ဆက် (ရုပ်သံ)
DVB
ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ Miss Supranational 2019 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အိမ့်မျက်ခြယ်က ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
အသက် ၂၆ နှစ်အရွယ် အလှမယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း Miss Earth Myanmar အလှမယ်သရဖူကို ဆွတ်ခူးရရှိထားခဲ့သူ ဖြစ်ပါတယ်။
သူ့အကြောင်း မိတ်ဆက်ပြောပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Miss Supranational တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်အစမှာတော့ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးမှီတင်းနေထိုင်တဲ့ အရောင်အသွေးစုံတဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ရွှေရောင် လွှမ်းတဲ့ ဘုရားစေတီပုထိုးတွေ ပေါများတာမို့ ရွှေနိုင်ငံလို့ လူသိများ ထင်ရှားတဲ့အ ကြောင်း၊ မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူရကြောင်း ရှုခင်းအလှအပတွေနဲ့အတူ ရိုက် ကူးဖော်ပြထားခဲ့တာပါ။
သူ့အကြောင်းကို မိတ်ဆက်ရာမှာတော့ ‘မင်္ဂလာပါ’အစချီကာ အင်္ဂလိပ် စာအထူး ပြုနဲ့ ကျောင်းပြီးထားခဲ့ကြောင်း၊ ဝင်ငွေနည်းမိသားစုတစုက ကြီးပြင်းလာသူဖြစ်ကြောင်း၊ ငွေကြေးမပြည့်စုံပေမယ့် ချစ်ခြင်းမေတ္တာနဲ့ တန်ဖိုးထားမှုပြည့်ဝတဲ့အကြောင်း၊ မိခင်ဖြစ် သူဟာ လမ်းဘေးမှာ ထီးတလက်၊ ခုံတလုံးနဲ့ မုန့်ရောင်းရသူဖြစ်ပေမယ့် ကြံ့ခိုင်သန်စွမ်း တဲ့ နှလုံးသားနဲ့ ဉာဏ်ပညာအမွေပေးနိုင်သူဖြစ်ကြောင်းတွေကို ပြောပြထားခဲ့တာပါ။
အဲဒီနောက်မှာတော့ သူဟာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ မဇ္ဇိမရုပ်သံသတင်းဌာန တွေမှာ အစီအစဉ်တင်ဆက်သူတဉီးအဖြစ်လုပ်ကိုင်နေကြောင်း ပြောပြခဲ့တာ ဖြစ်ပါ တယ်။
နိုင်ငံတနိုင်ငံအတွက် ခရီးသွားလုပ်ငန်းကဏ္ဌဟာ အရေးပါပြီး တိုင်းပြည်ဝင်ငွေတိုး တက်ရရှိနိုင်ဖို့ အရေးပါတဲ့ ရင်းမြစ်တခုဖြစ်တယ်လို့ ယုံကြည်ကြောင်းနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဌဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုဟာ တိုက်ရိုက်အချိုးကျတယ်လို့ သူ့ အနေနဲ့ ယုံကြည်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်ဗဟုသုတတွေကို မီ ဒီယာတွေကတဆင့် မျှဝေပေးသွားလိုကြောင်း၊ နေထိုင်ရာ မိခင်ကမ္ဘာမြေကြီးဟာ ဘယ် လောက်လှပတယ်၊ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတွေဟာ ဘယ်လောက်ထိ တန်ဖိုးထားသင့် တဲ့ အကြောင်းနဲ့ အထူးသဖြင့် လူသားတယောက်အဖြစ် ရှင်သန်နေထိုင်ရခြင်းက ဘယ် လောက် ကံကောင်းတဲ့အကြောင်း လူတွေကို ပိုသိစေချင်တယ်လို့ ပြောလိုက်တာပါ။
အခုကျင်းပမယ့် Miss Supranational 2019 အလှမယ်ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
အလှမယ် Pageant ပြိုင်ပွဲတွေထဲမှာ ထင်ရှားတဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ ဒီပြိုင်ပွဲကို မြန် မာနိုင်ငံကိုယ်စားပြုအလှမယ်တွေအဖြစ် ၂၀၁၃ ခုနှစ်မှာ အလှမယ် ခင်ဝင့်ဝါ၊ ၂၀၁၄ ခုနှစ်မှာ အလှမယ် ဟန်သီ၊ ၂၀၁၅ ခုနှစ်မှာ အလှမယ် L ဘောက်နူး၊ ၂၀၁၆ ခုနှစ်မှာ အလှမယ် ဆွေဇင်ထက်၊ ၂၀၁၇ ခုနှစ်မှာ အလှမယ် ရွှေမှူးဟန်နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခု နှစ်မှာတော့ အလှမယ် ရွှေအိမ်စည်တို့က သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။










