DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ရခိုင်တွင် လယ်ဧက ၁၂၀၀၀ ကျော် စပါးရိတ်သိမ်းရန် အခက်ကြုံ
DVB
·
November 22, 2019
တိုက်ပွဲကြောင့် ရခိုင်တွင် လယ်ဧက ၁၂၀၀၀ ကျော် စပါးရိတ်သိမ်းရန် အခက်ကြုံ
Donate to DVB

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် ၅ မြို့နယ်မှာ လယ်ဧက ၁၂၀၀၀ ကျော် စပါးရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေဖြစ်ကြတဲ့ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ စပါးရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတာလို့ ရခိုင်ပြည်နယ်လုံးတောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

“ရိတ်သိမ်းနိုင်တဲ့ အခွင့်အလမ်းမရှိဘူးပေါ့။ ရိတ်သိမ်းနိုင်ဖို့ အခက်အခဲတော်တော်ရှိတဲ့ မြို့နယ်ကတော့  ၅ မြို့လောက်ရှိတယ်။ အဲ့ဒီမြို့နယ်တွေမှာတော့ ဧက ၁ သောင်း ၂ ထောင်ကျော်လောက်ရှိတယ်။ မရိတ်သိမ်းနိုင်ဘူးဆိုတာကတော့ ပွင်းပွင်လင်းလင်းပြောရရင် တိုက်ပွဲဖြစ်တဲ့ဒေသပေါ့နော်။ အဲ့ဒီဒေသတွေမှာ  ရိတ်ဖို့အတွက် အနှောင့်အယှက်တော်တော်ပေးတာတွေ့ရတယ်။ ဥပမာ ဘာမှတိုက်ပွဲမရှိဘူး။ ဒါပေမယ့် အဲ့ဒီနယ်မြေကိုသွားရင် သူတို့က ဘာညာအားပေးတယ်ဆိုပြီးတော့ သံသယနဲ့ ဖမ်းဆီးခံရတာတွေ၊ ဟန့်တားတာတွေရှိတယ်။”

ပြည်နယ်အစိုးရအနေနဲ့လည်း ဒီမရိတ်သိမ်းနိုင်တဲ့စပါးတွေကို လယ်သမားတွေ၊ သက်ဆိုင်ရာ လယ်သမားတွေကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံတာတွေမရှိသလို မေးမြန်တာ‌ မရှိသေးဘူးလို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် မရိတ်သိမ်းနိုင်တဲ့ စပါးလေးဧက ၁ သောင်းကျော်ကို အစိုးရအနေနဲ့ကြားဝင် ဆောင်ရွက်ပြီး ရိတ်သိမ်းပေးမှ ဒီစပါးတွေဟာ ပျက်စီးမသွားနိုင်ဘဲ ပြန်လည်ရရှိမယ်လို့ ဆိုပါတယ်။ 

ပြည်နယ်အစိုးရကဘက်ကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာ စပါးမရိတ်သိမ်းနိုင် တာတွေကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေတဆင့် မှန်မှန်ကန်ကန် တိတိကျကျ တင်ပြပေးနိုင်ဆိုရင် ကူညီဆောင်ရွက်ပေးဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက လယ်မြေတွေမှာ အထွက်နှုန်း ၁ ဧကကို ၈၀ ကနေ ၁၀၀ တန်အထိ ပျမ်းမျှအထွက်နှုန်းရှိပြီး ဧက ၁ သောင်းဆိုရင် တန် ၈ သောင်းကနေ ၁ သိန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧကပေါင်း ၁၂ သန်းကျော်လောက်ရှိပြီး အဲ့ဒီထဲမှာ တိုက်ပွဲဖြစ်ပွားဒေသတွေဖြစ်ကြတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့ ဒီနှစ်မိုးရာသီးမှာ စပါးမစိုက်နိုင်တဲ့ လယ်ဧကပေါင်း ၁ သောင်းကျော်ရှိတယ်လို့ စိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။  

ဝဏ္ဏခွာညို  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013