DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်မည့် လက်ကားဈေး ပဲခူးတွင် စတင်ဆောက်လုပ်
DVB
·
November 22, 2019
တနိုင်ငံလုံးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်မည့် လက်ကားဈေး ပဲခူးတွင် စတင်ဆောက်လုပ်
1 / 4
Donate to DVB

တနိုင်ငံလုံးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်မယ့် နိုင်ငံတကာအဆင့်မီ လက်ကားဈေးတခုကို ပဲခူးမြို့ရှောင်လမ်းနဲ့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဆုံရာ ပဲခူးမြို့နယ် ကလိကျေးရွာမှာ စတင်ဆောက်လုပ်နေပါတယ်။

အခုဆောက်လုပ်တဲ့ ကလိလက်ကားဈေးကို နောင်တချိန်မှာ သီလဝါဆိပ်ကမ်းကနေ တိုက်ရိုက်ဆက်သွယ်လို့ရမယ် လမ်းဖောက်လုပ်ပြီး အဲဒီက ရောက်လာမဲ့ကုန်တွေကို တနိုင်ငံလုံး ပြန်လည်ဖြန့်ဖြူးနိုင်တဲ့ နေရာတခုဖြစ်သလို ဘုရားကြီးနဲ့လည်းနီးတဲ့အတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ အထက်မြန်မာပြည် စတဲ့ဒေသတွေက ဆင်းလာမယ့် ကုန်စည်တွေကို ရောင်းဝယ်ဖောက်ကားဖြန့်ချိဖို့ အဓိကကျတဲ့နေရာတခုလည်း ဖြစ်ပါတယ်။

အခုဆောက်လုပ်နေတဲ့မြေနေရာက ပဲခူးမြိုနယ် စည်ပင်သာယာပိုင်မြေဖြစ်ပြီး ၁၇ ဧကကျယ်ဝန်းကာ အဲဒီမြေပေါ်မှာ ဆိုင်ခန်းပေါင်း ၃၀၀ ကို Grand Style Company Limited ကနေ တာဝန်ယူဆောက်လုပ်သွားမှာဖြစ်ပါတယ်။ 

အဲဒီဆိုင်ခန်းတွေက အနံ ၁၅ ပေ အလျား ပေ ၄၀၊ နှစ်ထပ်တိုက်ခန်းတွေဖြစ်ပြီး တခန်းကို သိန်း ၈၀၀ ကျော်ကနေ ၁၂၀၀ ကျော်အထိ အစားစားသတ်မှတ်ထားကာ တနှစ်အတွင်း ၁၂ ကြိမ်အရစ်ကျ ပေးသွင်းပြီးဝယ်ယူ နိုင်တယ်လို့ Grand Style Company ရဲ့ တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။

အဲဒီ လက်ကားဈေးကို ပဲခူးမြို့ပြင်ဖြစ်တဲ့ ကလိဘက်မှာ ဆောက်လုပ်လိုက်ခြင်းအားဖြင့် ပဲခူးမြို့ထဲကို ကားကြီးတွေ ဝင်ရောက်မှုနည်းလာမှာဖြစ်တာကြောင့် ပဲခူးမြို့အတွင်းမှာ ယာဉ်ကြောကြပ်တည်းမှုတွေနဲ့ ယာဉ်အန္တရာယ်ပါ လျော့နည်းသွားမယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013