DVB Logo
Home
သတင်းတို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သောင်းကျန်းသူများဟု မခေါ်ရန် မေတ္တာရပ်ခံ
DVB
·
January 28, 2013
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သောင်းကျန်းသူများဟု မခေါ်ရန် မေတ္တာရပ်ခံ
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေး ပြောဆိုရာမှာ ရောင်စုံသူပုန်၊ သောင်းကျန်းသူ စတဲ့အသုံးအနှုန်းမျိုးတွေ မသုံးစွဲဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

အခု ခေတ်စနစ်ပြောင်းနေပြီး တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ရာမှာ ဒီ အခေါ်အဝေါ်တွေဟာ ကြားရသူတွေ အတွက် နားမခံသာ ဖြစ်စေတာကြောင့် မသုံးနှုန်းဖို့ မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ် အဖြူ၊ အနီ၊ ပအို့ အဖြူနဲ့ အနီ စတဲ့ အဖွဲ့တွေပေါ်ပေါက်ခဲ့တဲ့အတွက် အစိုးရဘက်က ရောင်စုံသူပုန်တွေလို့ ခေါ်ဝေါ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အစိုးရအဆက်ဆက်ကတော့ တောတွင်းလက်နက်ကိုင် အင်အားစုတွေကို သောင်းကျန်းသူအဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ပြီး စာပေစိစစ်ရေး အဖွဲ့ကလည်း သောင်းကျန်းသူအဖြစ်သာ ခေါ်ဝေါ်သုံးနှုန်းဖို့ သတ်မှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013