DVB Logo
Home
မြန်မာသတင်း
တပ်မတော်က ရခိုင်စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၅၀၀၀ လှူဒါန်း 
DVB
·
November 21, 2019
တပ်မတော်က ရခိုင်စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၅၀၀၀ လှူဒါန်း 
Donate to DVB

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေ ကျပ်သိန်း ၅၀၀၀ ကို တပ်မတော်က ရခိုင်ပြည်နယ်အစိုးရကို တိုက်ရိုက်လာရောက် လှူဒါန်းခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်က ဒီဗွီဘီကိုပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်ပြီး တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုက ပြည်နယ်အစိုးရကနေတဆင့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် လာရောက်လှူဒါန်းခဲ့တာလို့ ဝန်ကြီးဝင်းမြင့် က ပြောပါတယ်။

“တပ်မတော်က သိန်း ၅၀၀၀ လာလှူဒါန်းပါတယ်။ ကြည်း၊ ရေ၊ လေ၊ မိသားစု လာရောက် လှူဒါန်းတာပါ။ အဓိကတော့ တိုက်ပွဲရှောင်တွေ အတွက်စားနပ်ရိက္ခာတွေ အခက်အခဲတဲ့အပေါ်မှာ အဲလို ရည်ရွယ်ပြီးတော့ လာလှူဒါန်းဖြစ်ပါတယ်။ လောလောဆယ်ကတော့ ဒီပိုက်ဆံတွေကို ဝန်ကြီးချုပ်ရောက်မှာပဲ ဘယ်နေရာတွေကိုထောက်ပံ့မလဲဆိုတာကို အစီစဉ်ချရမှာ”

အဲ့ဒီလှူဒါန်းငွေတွေကိုတော့ ပြည်နယ်အစိုးရုံးမှာ ဌာနဆိုင်ရာတွေကိုဖိတ်ကြားပြီး ရခိုင် ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ စိုက်ပျိုးရေးမွေးမြူးရေးသစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်၊ စီးမံဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းတို့က လက်ခံခဲ့ပါတယ်။

ပြည်နယ်စိုးရကဘက်ကတော့ သူတို့ကောက်ယူထားတဲ့ ဒုက္ခသည်တွေရဲ့စာရင်းအရ စစ်ဘေးရှောင်တဦးကို တနေ့ကျပ် ၃၀၀ နှုန်းနဲ့ ထောက်ပံ့နေတာရှိပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီခွင့်ရဖို့ ပြည်နယ် အစိုးရဆီမှာ ခွင့်ပြုမိန့် လျှောက်လွှာတင်ရပြီး ၂ ပတ်ကျော်ကြာမှာ ခွင့်ပြုမိန့်ရရှိသလို ဒုက္ခသည်တွေ ကူညီဆောင်ရွက်ဖို့အတွက် အချိန်တလလောက်ကြာမှ သွားရောက်ကူညီ ကယ်ဆယ်နိုင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြည်နယ်အစိုးရကတော့ စစ်ဘေးရှောင်တွေ အမှန်တကယ်ကူညီဆောင်ရွက်မယ် ဆိုရင် တရားဝင်စာတင်ဖို့နဲ့ အလှူခံမယ့်သူတွေရဲ့ ကိုယ်ရဲ့အချက်အလက်တွေနဲ့ ဘယ်မြို့နယ် ဘယ်ဒုက္ခသည်စခန်းတွေမှာ ထောက်ပံပေးမယ်ဆိုတာကို တင်ပြလာရင်တော့ ခွင့်ပြုပေးတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တိုက်ပွဲကာလ ၁ နှစ်နီးပါး ကြာမြင့် လာခဲ့ပေမယ့် တိုက်ပွဲတွေ လျော့ကျမသွားဘဲ ပိုမိုပြင်းထန်လာနေတဲ့အနေအထားရှိနေတာပါ။

နိုဝင်ဘာ၂၀ ရက်က ကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) စာရင်းအရ ရခိုင်ပြည်နယ်တလုံးမှာ စစ်ဘေးရှောင်ဦးရေ ၈၈၀၀၀ အထိတိုးလာနေပြီး နောက်ထပ် အရေအတွက်လည်း ထပ်တိုးနိုင်တယ်လို့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013