Home
မြန်မာသတင်း
ရေပက်မဝင်သည့် စည်းလုံးမှုမျိုးထားရှိရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း 
သူဇာလင်း
·
November 21, 2019
77305786_2880757488615009_2537017652530905088_o
76625216_2880757581948333_2949577998937882624_o
76611007_2880757401948351_7058290559223332864_o
74888292_2880757538615004_5653452433678925824_o
75627604_2880757828614975_2464708381999366144_o
မြန်မာနိုင်ငံသားအားလုံးနဲ့ တိုင်းရင်းသားတွေအနေနဲ့ ရေပက်မဝင်တဲ့ စည်းလုံးမှုမျိုးထားရှိဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။  (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ရန်ကုန်မြို့ရှိ တပ်မတော် ဓမ္မာရုံမှာ  ကျင်းပတဲ့ ဗုဒ္ဓဘာသာကလျာဏယု အသင်းချုပ် (YMBA) ရဲ့ သက်ကြီးပူဇော်ပွဲနဲ့ မြန်မာစာထူးချွန်ဆုကျောင်းသားတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ  တိုက်တွန်း ပြောကြားလိုက်တာပါ။  ဒီကနေ့မနက် ကျင်းပတဲ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပေးပို့တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။  အဲဒီ သဝဏ်လွှာမှာတော့ တမြေတည်းနေ တရေတည်းသောက်၊ တလှေတည်းစီးတဲ့ မြန်မာနိုင်ငံသားအားလုံးနဲ့ တိုင်းရင်းသားတွေအနေနဲ့ ရေပက်မဝင်တဲ့ စည်းလုံးမှုမျိုး ထားရှိရမှာဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်ကို စောင့်ထိမ်းထားရှိရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။ အခမ်းအနားမှာတော့ မြန်မာစာထူးချွန်ကျောင်းသားတွေကို ဆုချီးမြှင့်တာတွေနဲ့ YMBA အသင်းဝင်ဟောင်းသက်ကြီး ဘိုးဘွားအယောက် ၈၀ ကို ငွေကျပ်  ၁၀၀၀၀ စီနဲ့ လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကလျာဏယုအသင်းချုပ် (YMBA)ကို ၁၉၀၆ ခုနှစ်မှာ စတင်တည်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့လကမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသင်းရဲ့ ရာသက်ပန် ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024