DVB Logo
Home
မြန်မာသတင်း
ပြန်ပေးဆွဲ အသတ်ခံရသည့်မိန်းကလေးငယ်အတွက် တရားမျှတမှုရရှိရေး တောင်းဆို
DVB
·
November 21, 2019
ပြန်ပေးဆွဲ အသတ်ခံရသည့်မိန်းကလေးငယ်အတွက် တရားမျှတမှုရရှိရေး တောင်းဆို
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ မြို့ဟောင်းကုန်းက အသက် ၁နှစ်ခွဲ မိန်းကလေးငယ် ပြန်ပေးဆွဲအသတ်ခံရတဲ့အပေါ် ပြစ်မှုကြီးတွေနဲ့ ထိထိရောက်ရောက် အရေးယူသွားဖို့ ကလေးမိဘတွေနဲ့ ဒေသခံတချို့တွေက တောင်းဆိုလိုက်ပါတယ်။

ကလေးရဲ့ဖခင်ဦးဖိုးဆယ်က “ကလေးကို ခေါ်ဆောင်သွားခဲ့သလို ငွေလည်း ခြိမ်းခြောက် တောင်းတဲ့အပြင် လူမဆန်စွာ လူကိုပါသတ်ပြီး အလောင်းကိုပါ ဖျောက်တဲ့အထိ ပြစ်မှုကျူးလွန်သူကို ထိရောက်တဲ့ဥပဒေတွေ ပေးစေလိုတယ်”လို့ ပြောပါတယ်။

ဒေသခံ ဒေါ်သိန်းသိန်းက “အခုလိုကလေးငယ်ကို လုပ်ရပ်အပေါ်မှာ ဥပဒေစိုးမိုး အကာအကွယ်မရခဲ့သလို ဒီလိုအလားတူမျိုးဖြစ်လာမှာကို စိုးရိမ်ရတဲ့အတွက် အခုပြစ်မှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပစ်ဒဏ်တွေကျစေလိုပါတယ်”လို့ ပြောပါတယ်။

အခုကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးအရေးယူထားပြီး ဥပဒေ အကြံပြုချက်တွေရယူကာ တဦးက အသက် ၁၆ နှစ်ဖြစ်တဲ့အတွက် ကလေးသူငယ်တရားရုံးမှာ တရားစွဲသွားမှာဖြစ်ပြီး အသက် ၂၀ အရွယ်  တဦးကိုတော့ ခရိုင်တရားရုံး.မှာတရားစီရင်သွားပါမယ်လို့ ဒုရဲမှူးသိန်းနိုင်က ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ၂ ဦးဟာ နို၀င်ဘာ ၁၈ ရက်က အစင်မြို့ဟောင်းကုန်းနေအိမ်မှာ ပိုက်ဖာလုပ်ငန်း ဝင်ရောက်လုပ်ကိုင်ရာကနေ အသက် ၁နှစ်ခွဲ မိန်းကလေးငယ်ကို ခေါ်ဆောင်သွားပြီး မိဘတွေဆီက ငွေ ၅ သိန်းကျပ်နဲ့ ခြိမ်းခြောက်တောင်းခဲ့ပါတယ်။

ကလေးမိဘတွေက ကျပ်  ၃ သိန်းကို Wave money ကနေလွှဲထားပေးခဲ့ပေမယ့် ကလေးငယ်ကတော့ ရေးချောင်းတောင်တံတားနဲ့ ဘူတာရုံဘေး လယ်ကွင်းရေမြောင်း ထဲမှာ ရေနှစ် အသတ်ခံခဲ့ရပါတယ်။ 

ဖမ်းဆီးရမိတဲ့ ညီအစ်ကို နှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်း အခင်းဖြစ်ပွားပြီး နောက်တနေ့မှာ ဖမ်းဆီးရမိထားပြီး   ကလေးခိုးမှု၊ ခြိမ်းခြောက် ငွေတောင်းမှု၊ ဖုန်းခိုးမှု၊ လူသတ်မှုပါ ပြစ်မှု ၎ မှုနဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013