DVB Logo
Home
မြန်မာသတင်း
မိုးစပါးပေါ်ချိန်တွင် လယ်သမားများ အရင်းပြန်မရဘဲ အရှုံးပေါ်နေ 
DVB
·
November 21, 2019
မိုးစပါးပေါ်ချိန်တွင် လယ်သမားများ အရင်းပြန်မရဘဲ အရှုံးပေါ်နေ 
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က လယ်သမားတွေဟာ မိုးရာသီစပါးပေါ်ချိန်မှာ အလုပ်သမားရှားပါးမှု ပြဿနာတွေ့ကြုံနေရပြီး ထွက်လာတဲ့ ဆန်စပါးတွေအတွက် အရင်းအနှီးနဲ့ကိုက်ညီတဲ့ စျေးနှုန်းမရရှိဘူးလို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

ကျုံတာကျေးရွာမှာ လယ် ၁၂ ဧကခွဲ လုပ်ကိုင်နေသူ ဦးနေမျိုးဝင်းက “အခု မိုးစပါးက ပေါ်တော့မယ်၊ တချို့ဆို ပေါ်နေပြီ ၊ နိုင်ငံတော်ကတော့ ကျပ် ငါးသိန်းစျေး သတ်မှတ်ထားတယ်လို့ ကြားတာပဲ။  လက်ရှိဘယ်ကုန်သည်တွေကမှ ဝယ်တာမတွေ့သေးဘူး။ လယ်ထဲထည့်မယ့် ဒီဇယ်၊မြေသြဇာကြတော့ စျေးကြီးကြီးနဲ့ပေးဝယ်ရင်းနှီးနေရတယ်။ ကျနော်တို့ လယ်သမားတွေ လယ်ကထွက်တဲ့ ဆန်စပါးကြတော့ အလကားသာသာ ပေးနေရတယ်။ လယ်သမားတွေ ဘဝက မြင့်တက်လာတယ်ဆိုတဲ့ လယ်သမားက တော်တော်ရှား ပါတယ်”လို့ ပြောပါတယ်။

ကျုံတာကျေးရွာက လယ် ၆ ဧက လုပ်ကိုင်နေသူ ဦးအောင်ကျော်စိုးက “မိုးစပါး လယ်တစ်ဧက အရင်းအနှီးမှာ စိုက်ပျိုးစားရိတ်ကနေ ရိတ်သိမ်းချိန်အထိ လယ်တစ်ဧကကို ကျပ် သုံးသိန်းဝန်းကျင်လောက်ကုန်ကျပါတယ်။ လယ်တစ်ဧကကို အချွန်စပါးဆိုရင် စပါးတင်း ၆၀ ထွက်ပြီး ဆန်ချောစပါး (ဘေးကြား)ဆိုရင် လယ်တစ်ဧကကို စပါးတင်း ၅၀ နှုန်းလောက် ထွက်ပါတယ်။ လယ်ရှိဝယ်မယ့် ကုန်သည်လည်း မရှိဘူး”လို့ ပြောပါတယ်။

ဖျာပုံမြို့ရဲ့ဒေသထွက်ကုန်တွေထဲမှာ အဓိကဒေသထွက်ကုန်စီးပွားလုပ်ငန်းတွေကတော့ ဆန်စပါးနဲ့ ရေလုပ်ငန်း ဖြစ်ပြီး ဖျာပုံပေါ်ဆန်းမွှေးဆန်ကလည်း ဒေသရဲ့ နာမည်ကြီးထွက်ကုန်တခုဖြစ်ပါတယ်။

ဒေသတွင်းမှာရှိတဲ့ လယ်သမားတွေဟာ  နွေစပါးပြန်စိုက်ဖို့ အရင်းအနှီးအတွက် အလုပ်သမားရှားပါမှုပြဿနာ၊ ငွေကြေး၊ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း လယ်သမားတွေထံက သိရပါတယ်။

“လယ်ယာကဏ္ဍမြှင့်တင်ဖို့ကတော့ တော်တော်လေးကို လိုအပ်နေပါတယ်။ ဆန်စပါး စျေးကွက်မြှင့်တင်ပေးစေချင်တယ်။ လယ်သမားတွေက အရင်းအနှီးအတွက် ငွေအတိုးနဲ့ ယူထည့်ရတော့ အကြွေးထဲက ရုန်းမထွက်နိုင်ဘူးဖြစ်နေတယ်။ အဓိက လယ်သမားတွေ လိုအပ်နေတာ နည်းပညာပိုင်း”လို့ လယ်သမား ဦးနေမျိုးဝင်းက  ပြောပါတယ်။

လက်ရှိအစိုးရက တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေကို တိုးပေးခဲ့သလို  ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ပြည်နယ်တိုင်းဒေသကြီး ၃ ခုမှာ စပါးတင်းတရာကို ကျပ် ၅ သိန်းနှုန်းနဲ့  ဝယ်ယူမယ်လို့လည်း ကြေညာထားပါတယ်။

သတင်း- ကျော်စိုးမိုး  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013