DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီယားအမှု မူကြိုကျောင်း ကြီးကြပ်ရေးမှူးနှင့် မှုခင်းဆရာဝန်ကို စစ်ဆေး
DVB
·
November 20, 2019
ဗစ်တိုးရီယားအမှု မူကြိုကျောင်း ကြီးကြပ်ရေးမှူးနှင့် မှုခင်းဆရာဝန်ကို စစ်ဆေး
Donate to DVB

မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအမှုအတွက် နိုဝင်ဘာ၂၀ ရက်နေ့က  နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ မှုခင်းဆရာဝန်ကို စစ်ဆေးခဲ့ပါတယ်။ 

ရှေ့နေဒေါ်ရွက်နုအောင်က “ဒီနေ့ ပထမဦးဆုံးစစ်တာက မှုခင်းဆရာဝန်ကိုစစ်တယ်။ ဒုတိယပိုင်းကတော့ ဆရာမ ဒေါ်ဥမ္မာလှိုင်ပေါ့။ ဒါပေမယ့်မပြီးဘူးပေါ့။ မပြီးပဲနဲ့ကျမတို့က နောက်ရုံးချိန်းမှာ တခါပြန်ပြီးတော့ ဆက်ပြီးစစ်မယ့်သဘောပေါ့။” လို့ ပြောပါတယ်။ 

ဒါ့အပြင် မှုခင်းဆရာဝန်ကိုစစ်မေးတာနဲ့ပတ်သက်လို့လည်း ဒေါ်ရွက်နုအောင်က “မှုခင်းဆရာဝန်ကတော့  rape case တွေမှာဖြစ်လေ့ဖြစ်ထားရှိတဲ့အခြေအနေလေးတွေကို ဆေးစာမှာပေါ်နေလေ့ရှိတယ်လေ။ ဥပမာ သုပ်ပိုးတွေ့တာတို့၊ ပွန်းရှဒဏ်ရာရှိတယ်ဘာညာ အဲဒါတွေကတော့ ဆရာဝန်က သူ့ဆေးစာမှာပါတဲ့တိုင်း ထွက်ဆိုချက်ပေးသွားတာပေါ့။ ဒါပေမယ့် ရှေ့နေဒေါ်စုဒါလီအောင်တို့ဘက် အပြန်အလှန်စစ်မေးတဲ့အခါကျတော့  ဒီဆေးစာကြီးက ဆေးစာပျောက်သွားတဲ့အတွက် မိတ္တူလာလျှောက်ခဲ့တယ်ဆိုတဲ့ အခြေအနေတခုကတော့ ထူးထူးခြားခြားဆရာဝန်ကြီးထွက်ဆိုသွားတာတခုရှိတယ်။ နောက်တခုက ပလိပ်ပြားပေါ့။ ဒီစီအိုင်ဒီကနေပြီးမှ တခြား rape case တွေမှာ ဒီဟာကိုသိမ်းယူခဲ့တာမရှိဘူး။ ဒါပေမယ့်လည်း ဒီအမှုမှာ ထူးထူးခြားခြားဒီဟာကြီးကိုသိမ်းသွားတာမျိုးရှိတယ်ပေါ့နော်။ အဲဒါလေးတွေ ထွက်သွားတာရှိတယ်။ နောက်ပြီးတော့ ကလေးလေးက HIV ဆေးပေးရတာရှိတယ်။ နောက်ပြီးတော့ ကလေးအထူးကုဆေးရုံးမှာလည်း ဆေး ON ရတာတွေရှိတယ်ဆိုတဲ့ဟာပေါ့။ အဲဒါလေးတွေကိုတော့ထွက်ဆိုသွားတာရှိပါတယ်။ ”

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ရုံးချိန်းတုန်းက ရုံးတော်ကိုတင်ပြခဲ့တဲ့ hard Disk  နဲ့ DVR စက်ထဲမှာရှိတဲ့ မှတ်တမ်းပျက်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဖော်ထုတ်ဖို့ ဒီကနေ့ ရုံးတော်ကိုတင်ပြရာမှာ ရုံးတော်က လက်ခံခဲ့တယ်လို့လည်း ပြောပါတယ်။ 

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ လာမယ့်ဒီဇင်ဘာလ ၄  ရက်နေ့မှာ ရုံးချိန်း ပြန်ချိန်းဆိုထားပြီး ဒေါ်ဥမ္မာလှိုင်ကို ဆက်လက်စစ်ဆေးမှာရှိသလို Wisdom Hill ကျောင်းက ဆရာမ နှစ်ယောက်ကိုလည်း စစ်ဆေးဖို့ ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013