DVB Logo
Home
မြန်မာသတင်း
သဖန်းဆိပ်ဆည် သိမ်းဆည်းမြေကိစ္စ ဝန်ကြီးဟောင်းဦးဆန်းဆင့်နှင့် တောင်သူများ တိုင်းအစိုးရကို တွေ့ဆုံ
DVB
·
November 20, 2019
သဖန်းဆိပ်ဆည် သိမ်းဆည်းမြေကိစ္စ ဝန်ကြီးဟောင်းဦးဆန်းဆင့်နှင့် တောင်သူများ တိုင်းအစိုးရကို တွေ့ဆုံ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် တည်ဆောက်စဉ် က မြေယာဆုံးရှုံးနစ်နာခဲ့တဲ့ ‌တောင်သူတွေအတွက် အစိုးရအဆက်ဆက်ဖြေရှင်းပေးတာ မရှိလို့ဆိုပြီး သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ဦးဆောင်ကာ တောင်သူ ၁၀၀ ခန့်က စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ကို နိုဝင်ဘာ ၁၉ ရက်က လာရောက်တွေ့ဆုံခဲ့ပါတယ်။

တိုင်းအစိုးရအဖွဲ့က လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုံ၊ အတွင်းရေးမှူး ဦးတင်မောင်ဆွေနဲ့ တာဝန်ရှိသူတွေက ဦးဆန်းဆင့်အပါအဝင် ၁၀ ဦးကို ၂ နာရီခန့် အကြာ တံခါးပိတ်တွေ့ဆုံခွင့်ပေးခဲ့ပြီး တင်ပြချင်တာတွေကို လက်ခံခဲ့သလို အစိုးရအဖွဲ့ကလည်း လက်ရှိ ဆောင်ရွက်နေတဲ့ အနေအထားတွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ 

သဖန်းဆိပ်ဆည်ကြောင့် ကျွန်းလှမြို့အပါအဝင် ကျေးရွာပေါင်း ၇၀ နီးပါးပြောင်းရွှေ့ခဲ့ရပြီး အဲဒီထဲက‌ ရွာ ၁၇ ရွာက တောင်သူ ၃၀၀ကျော်ရဲ့ မြေယာဧက ၅၀၀၀ ကျော်ကိစ္စ  ဖြေရှင်း မပေးသေးတာကြောင့် အခုလိုလာရောက်တွေ့ဆုံရတာဖြစ်ပါတယ်။ 

လူပေါင်းရာချီလာရောက်ပြီး အစိုးရကိုတွေ့ခွင့်မရရင် ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေ ကြောင့်လည်း အစိုးရရုံးအနီးမှာ လုံခြုံရေးတွေကို တင်းကြပ်ချထားခဲ့ပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသားများ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းဝင်းက "ကျနော်တို့ဒီနေ့လာပြီး ဆန္ဒပြတာလည်း မဟုတ်ပါဘူး။ ကျနော်တို့သမဂ္ဂက ပြဿနာ တခု ကြုံတွေ့လာပြီဆိုရင် တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ မှန်ကန်တဲ့အဖြေနဲ့ တည်ငြိမ်တဲ့ ထာဝရ ငြိမ်းချမ်းမှုကိုရတယ်ဆိုတာကို ကျနော်သမဂ္ဂက သဘောထားပါတယ်။ အဲဒါကြောင့် လာပြီးတော့ အစိုးရနဲ့ဆွေးနွေးတာ"လို့ ပြောပါတယ်။

ဒီမြေယာအမှုတွဲ ၇ တွဲနဲ့ပတ်သက်ပြီး လယ်မြေစစ်အဖွဲ့က စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပြီး အမြန်ဆုံးဖြေရှင်းပေးဆောင်ရွက်ပေးနိုင်ဖို့ ပြောဆိုခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လယ်/ဆည်ဝန်ကြီးဦးကမ်ဇာမုံကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013