DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် ဆင်တက်မော် စခန်းရှိဒုက္ခသည်များနှင့်တွေ့ဆုံ
DVB
·
November 20, 2019
ကုလအထူးကိုယ်စားလှယ် ဆင်တက်မော် စခန်းရှိဒုက္ခသည်များနှင့်တွေ့ဆုံ
1 / 7
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂီနာဟာ ရခိုင်ပြည်နယ်-ပေါက်တောမြို့နယ်ရှိ ဆင်တက်မော် ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်တွေကို နို၀င်ဘာ ၁၉ ရက် မနက်က သွားရောက်တွေ့ဆုံပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒုက္ခသည်တွေရဲ့ ခံစားချက်တွေနဲ့ အခက်အခဲတွေကို မေးမြန်းခဲ့တယ်လို့  စခန်းတခုလုံးရဲ့ ကိုယ်စားတင်ပြခဲ့တဲ့ ဆင်တက်မော် ဒုက္ခသည်စခန်းတာ၀န်ခံ ဦးမြသိန်းက ပြောပါတယ်။

“ကျနော်တို့ အခက်အခဲပေါင်းစုံကြုံတွေ့ရပါတယ်။ အဲ့မှာ ကုလ အထူးကိုယ်စားလှယ်က စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခက်အခဲတွေက ဘာလဲလို့ ဆက်မေးပါတယ်။ ကျနော်တို့ ကမန်လူမျိုးတွေဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတခု ဖြစ်ပါတယ်လို့ ဖြေလိုက်ပါတယ်။ ဒါပေမယ့် ဒီမှာနေရတာ အသွားအလာအနေအထိုင်အပြောအဆို မတူညီမှုကြောင့် နေရတာအခက်အခဲ ရှိနေတယ်လို့ တင်ပြခဲ့ပါတယ်။”လို့ ပြောပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး မူလတန်း ၄ တန်းအထိသာ ပညာသင်ခွင့်ရလို့ ကလေးတွေရဲ့ အနာဂတ်ရပ်တည်ဖို့ မဖြစ်နိုင်တဲ့အကြောင်း၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး နယ်စည်းမခြားဆရာ၀န်များအဖွဲ့ MSFက တပတ်ကို  ၂ ရက်သာလာရောက်တဲ့အတွက် ရောဂါပြင်းထန်သူတွေ ဆေးကုသခွင့်မရဘဲ သေဆုံးတာရှိခဲ့တဲ့အကြောင်း တင်ပြခဲ့တယ်လို့ လည်းပြောပါတယ်။

ဒါ့အပြင် စီးပွားရေးနဲ့ ပတ်သက်ပြီးလည်း ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ပြောပြခဲ့တယ်လို့ ဆင်တက်မော် ဒုက္ခသည်စခန်းတာ၀န်ခံ ဦးမြသိန်းက ပြောပါတယ်။

“ကျနော်တို့ဟာ ရေလုပ်ငန်းကိုလုပ်ကိုင်ပြီး အသက်မွေးနေရတာပါ။ အခုအစိုးရပိုင်းက နယ်မြေ မအေးချမ်းဘူးဆိုပြီး ပင်လယ်ပြင်ငါးဖမ်းခွင့် တပတ်မှာ ၃ ရက်သာ ငါးရှာခွင့်ပေးပါတယ်။  ပင်လယ်ထွက်တာက တရက် ကြာသွားရပြီး အပြန်တရက်ကြာပါမယ်။ ငါးရှာတာ တရက်နဲ့ ဘယ်လိုရှာပါမလဲ။ ရေကန်ထဲက ငါးကို ဆယ်ယူရတာလည်း မဟုတ်ပါဘူးလေ။ ဒါကြောင့် လုပ်ကိုင်စားသောက်ရတာဘယ်လိုမှ အဆင်မပြေနိုင်ကြောင်း တင်ပြခဲ့ပါတယ်။”

အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂီနာကတော့ အစိုးရတာဝန်ရှိသူတွေထံ တင်ပြ ပေးမယ်လို့ ဒုက္ခသည်တွေကို ပြောကြားခဲ့ပါတယ်။

ဆင်တက်မော်စခန်းရှိ  ဒုက္ခသည်တွေဟာ အရင်က ရခိုင်ပြည်နယ်-ကျောက်ဖြူမြို့ အရှေ့ပိုင်းပိုက်ဆိပ်ရပ်ကွက် ၁၁ မှာ  နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အောက်တိုဘာလမှာ နေအိမ်တွေ မီးရှိုခံခဲ့ရပြီး ငါးဖမ်းမော်တော်ဘုတ်တွေနဲ့ ထွက်ခွါလာကြသူ တွေလည်း ဖြစ်ပါတယ်။

အခုလက်ရှိ ပေါက်တောမြို့နယ်ဆင်တက်မော်ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၇၂၂ စု လူဦးရေ ၂၇၂၀ ဦး နေထိုင်နေကြပါတယ်။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013