DVB Logo
Home
မြန်မာသတင်း
ဂျပန်ဆဲဗင်းဘဏ် မြန်မာပြည်နဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်မည်
DVB
·
January 25, 2013
ဂျပန်ဆဲဗင်းဘဏ် မြန်မာပြည်နဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်မည်
Donate to DVB

နိုင်ငံတကာငွေလွှဲလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့  ဂျပန်နိုင်ငံရဲ့ အထင်ကရဘဏ်တခုဖြစ်တဲ့ ဆဲဗင်းဘဏ် (Seven Bank) ဟာ လာမယ့်လက စတင်ပြီး  မြန်မာနိုင်ငံနဲ့ ငွေလွှဲလုပ်ငန်းတွေ စတင်လုပ်ကိုင်တော့မယ်လို့ ဘဏ်ကပြောကြားလိုက်ပါတယ်။

ဂျပန်နို်င်ငံကနေ မြန်မာနိုင်ငံကို ငွေလွှဲလိုသူတွေအနေနဲ့ လာမယ့် ဖော်ဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး ဂျပန်နိုင်ငံတ၀ှမ်း တပ်ဆင်ထားတဲ့  SEVEN BANK ရဲ့ အေတီအမ် အလိုလျောက် ငွေထုတ်စက်တွေကနေတဆင့် စတင်ပြီး ငွေလွှဲနိုင်တော့မယ်လို့ ဘဏ်ရဲ့ဖောက်သည်ဝန်ဆောင်မှုဌာန တာဝန်ရှိသူ မစ္စ မီဇူဟီကီက ဒီဗွီဘီကို ပြောပါတယ်။

“ငွေလွှဲလိုသူတွေဟာ ဆဲဗင်းဘဏ်မှာ အကောင့်ဖွင့်ထားသူတွေဖြစ်ရမှာပါ။  ငွေမလွှဲခင် အေတီအမ် စက်မှာ ပြည်ပကို ငွေလွှဲလိုတဲ့ပမာဏ အတိအကျကို သေချာအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ငွေလွှဲခကတော့ လွှဲတဲ့ပမာဏနဲ့ ငွေလဲလှယ်နှုန်းတွေပေါ်မှာမူတည်ပြီး အပြောင်းအလဲရှိမှာဖြစ်တယ်။ ဥပမာ ဂျပန် ယန်းငွေ ၁၀၀၀၀ လွှဲရင် ၉၉၀ လောက် ၀န်ဆောင်ခကုန်ကျမှာဖြစ်တယ်”လို့ ပြောပါတယ်။

ငွေတခါလွှဲရင် အများဆုံး ဂျပန်ယန်းငွေ ၅ သိန်းအထိ  လွှဲလို့ရမှာဖြစ်ပြီး   မြန်မာနိုင်ငံဘက်မှာတော့ ဘဏ်ရဲ့စီးပွားဘက် Western Union ယူနီယံဘဏ်တွေကနေတဆင့်  မြန်မာ ကျပ်ငွေနဲ့ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ဂျပန်မှာရောက်နေတဲ့ မြန်မာတွေ ငွေလာလွှဲကြလိမ့်မယ်လို့လည်း ဘဏ်ကမျှော်လင့်နေပါတယ်။ ဒီဘဏ်ဟာ  ၂၄ နာရီဖွင့်လှစ်တဲ့  ဆဲဗင်းအလဲဗင်းဆိုင်တွေနဲ့လည်း ဆက်စပ်နေတာဖြစ်ပြီး ငွေလွှဲလုပ်ငန်းတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ လောက်မှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်  အစိုးရသစ်တက်လာပြီးနောက် နိုင်ငံရပ်ခြားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေချိန်မှာ ခုလို နိုင်ငံတကာဘဏ်တွေက  ဘဏ်လုပ်ငန်းတွေနဲ့ ငွေလွှဲလုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင်လာတာပါ။

မကြာသေးခင်ကဘဲ အမေရိကန်အခြေစိုက် ငွေလွှဲလုပ်ငန်း ဖြစ်တဲ့ Western Union က မြန်မာနိုင်ငံမှာ ငွေလွှဲလုပ်ငန်းဝင်ရောက် လုပ်ကိုင်ခဲ့ပြီး  မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ် ၇ ခုနဲ့ ပြည်တွင်း ပြည်ပ ငွေလွှဲလုပ်ငန်းတွေလုပ်ဖို့လည်း သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013