Home
မြန်မာသတင်း
ချောက်မြို့တွင် မြေစာရင်းဌာနဝန်ထမ်းများကို ဆန္ဒပြ
DVB
·
November 20, 2019
78322334_2502601316649945_3278425421246365696_o
75627302_2502601716649905_1837560719181086720_o
75317344_2502601839983226_57654429800726528_o
74670611_2502601663316577_5438328521233530880_o
74586366_2502601929983217_2761809201352146944_o
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့က မြေစာရင်း ဌာနဝန်ထမ်းတချို့ကို မြို့ခံတွေက လူအင်အား ၆၀ လောက်နဲ့  ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးသန်းဝင်းအောင်က “ချောက်မြို့နယ် မြေစာရင်းဌာန ဝန်ထမ်းတချို့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အားနည်းချက်ကြောင့် ဘုန်ကြီးကျောင်းဥပဇာအဖြစ် ပေးထားတဲ့ မြေနေရာကို ပိုင်ရှင်ပေါ်သွားတဲ့အခါမှာ လူတွေကော ဘုန်းကြီးတွေကော သိသွားလို့ အခုလိုပြည်သူတွေသိအောင် ဆန္ဒဖော်ထုတ်တာပါ”လို့ပြောပါတယ်။ အဆိုပါမြေနေရာ အမှတ် ၁၃ ၊ အာရှရပ် ဦးပိုင်အမှတ် (၅၇/၁၀၈)မြေဧရိယာ (၀ ဒသမ ၀၁၄)ဧကကို မူလပိုင်ရှင်က ၁၉၉၆ စစ်အစိုးရလက်ထက်က ဖျက်သိမ်းတာခံခဲ့ရတဲ့အတွက် လက်ရှိ အစိုးရလက်ထက်မှာ ပြန်လည်တောင်းခံခဲ့ရာ မကွေးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ကျသင့်တဲ့ အခွန်တော်ပေးသွင်းပြီး ဆောက်လုပ်နေထိုင်ခွင့်ပြုခဲ့တာလို့ သိရပါတယ်။ မြို့နယ်မြေစာရင်း ဒုဦးစီး ဦးမြတ်ထွန်းအောင်က “တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းမြေစာရင်းဦးစီးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက မြေရာဇဝင်တောင်းတော့  တိုင်းဒေသကြီး မြေစာရင်းဦးစီးကနေ ချောက်မြို့နယ် မြေစာရင်းဦးစီးဌာနကို မြေရာဇဝင် ၂၀၁၈မတ်လ ၆ ရက်က တောင်းလို့ ကျနော်တို့က အဲဒီမတ်လ ၂၆ရက်နေ့မှာပဲ မြေရာဇဝင်အရ အစိုးရမြေဖြစ်ကြောင်း အကြောင်းပြန်ပေးလိုက်ပါတယ်”လို့​ ပြောပါတယ်။ ဆန္ဒပြပွဲမှာတော့  “မြေစာရင်းဌာန ရှုပ်သမျှ အုပ်ချုပ်ရေးမှ ပြန်ရှင်းပေးရေး (ဒို့အရေး)”၊  “ဆရာ ဒကာများအားလုံး အကုသိုလ်မဖြစ်ပွားရေး (ဒို့အရေး)””၊ လူကြီးမင်းများ တာဆီးပေး(ဒို့အရေး)၊ “မြေစားပေးပြီးသားဟုတ်မဟုတ် မှန်မှန်ကန်ကန် စိစစ်ပေးရေး(ဒို့အရေး)” စတဲ့ ကြွေးကြော်တွေနဲ့ မြို့တွင်း စီတန်းလှည်လည်ခဲ့ကြပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024