
နိုဝင်ဘာ ၂၀ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၅၁၆.၄ ကျပ်၊ ၁ ယူရိုငွေကို ၁၆၇၇.၂ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၁၁၃.၅ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၃၉၉ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၁၅.၄၈ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၆၄.၃၀ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၅၀.၂၃ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁၁၉၁၅၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁၁၈၉၅၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၄၇၈ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)











