DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲအတွင်း အရပ်သားများသေဆုံးမှု ကုလအထူးကိုယ်စားလှယ်ကို ရခိုင်ပါတီများတင်ပြ 
DVB
·
November 20, 2019
တိုက်ပွဲအတွင်း အရပ်သားများသေဆုံးမှု ကုလအထူးကိုယ်စားလှယ်ကို ရခိုင်ပါတီများတင်ပြ 
Donate to DVB

ရခိုင်အမျိုးသားပါတီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အရပ်သားသေဆုံးမှုတွေ မြင့်တက်လာတာကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။ 

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာ ဘာဂီနာဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရခိုင်အရေး တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူသေဆုံးမှုတွေ မြင့်တက်လာတာတွေ မတရားဖမ်းဆီးခံရမှုတွေကို ရခိုင်အမျိုးသား ပါတီ တာဝန်ရှိသူတွေက ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို တင်ပြဆွေးခဲ့ကြပါတယ်။  

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဘာသာရေးအဆောက်အုံတွေ ထိခိုက်လာတာတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့လည်း  ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

ရခိုင်နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကတော့ လက်ရှိတပ်မတော်နဲ့ ရက္ခိုင့် တပ်တော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြားမှာ ကြားဝင်ညှိနှိုင်း ဝင်ရောက်ဖြန်ဖြေ ပေးမယ့် တတိယအင်အားစုတခု လိုအပ်နေတယ်ဆိုတာကို အကြံပြုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာငြိမ်းချမ်းရေးဖို့ဆိုရင် အားလုံးကြိုးစားရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂီနာက ပြောပါတယ်။

“ကျမအလုပ်တာဝန်ကတော့ ဒီနိုင်ငံမှာငြိမ်းချမ်းရဖို့အတွက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်က တော့ ရခိုင်ပြည်နယ်မှာပေါ့ ဒါကြောင့်မိုလို့ ကျမတို့အားလုံးကြိုးစားရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံးပြီးတော့ ဆွေးနွေးမှုတွေလုပ်နေတာလည်းဖြစ်ပါတယ်။”

လက်ရှိခံစားနေရတဲ့ ရခိုင်တွေရဲ့ဒုက္ခတွေကို နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုသွားမှာဖြစ်ပြီး လက်တွေ့ငြိမ်းချမ်းရေး ကိစ္စတွေကို အလေးပေးဆောင်ရွက်နိုင်ရေးကို တိုက်တွန်းသွားမယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့အေအေတို့ တိုက်ပွဲတွေကာလအတွင်း အရပ်သား ပြည်သူ ၈၀ ကျော်ထက်မနည်းသေဆုံးခဲ့ရပြီး လူပေါင်း ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ မောင်တောမှာ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူတွေနဲ့ တွေ့ဆုံခဲ့သလို စစ်တွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေ့ဆုံခဲ့ပြီး ပေါက်တောမြို့ပေါ်က မွတ်ဆလင်ကယ်ဆယ်ရေးစခန်းကိုလည်း သွားရောက်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013