DVB Logo
Home
မေးမြန်းခန်း
တရားဟောခွင့် ပြန်ရသည့် ဒယ်အိုးဆရာတော်နှင့် မေးမြန်းချက်
DVB
·
January 25, 2013
တရားဟောခွင့် ပြန်ရသည့် ဒယ်အိုးဆရာတော်နှင့် မေးမြန်းချက်
1 / 2
Donate to DVB

ဓမ္မကထိကဂုဏ်အင်္ဂါ အရည်အချင်းများ သတ်မှတ်ချက်ဆိုတာ ရှိနေသေးတဲ့အတွက် တရားဟောဓမ္မကထိကတွေအတွက် လွတ်လွတ်လပ်လပ်ဟောဖို့ အဆင်မပြေသေးဘူးလို့ ဒီနေ့ပဲ တရားဟောခွင့်ပြန်ရတဲ့ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလက မိန့်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆရာတော် ဦးသုမင်္ဂလကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ နယ်လှည့်တရားဟောခွင့် ၁ နှစ် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့မှာ တရားဟောခွင့် ပြန်ပေးခဲ့တာဖြစ်ပါတယ်။ ဆရာတော်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

ဓမ္မကထိကဂုဏ်အင်္ဂါအရည်အချင်းများသတ်မှတ်ချက် ၉ ချက်ထဲမှာ- နယ်လှည့်တရားဟောကြားသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ အနေဖြင့် ဓမ္မာစရိယအောင်မြင်ထားရန်နှင့် ထေရဝါဒ ပိဋကတ်တော်နှင့် ဆန့်ကျင်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့်တို့နှင့် စပ်လျဉ်းသည့် လောကီလူမူရေး ကိစ္စများကို ထည့်သွင်းဟောကြားမှုမပြုရန် မိမိကိုယ်ကိုလည်းကောင်း၊ သူတပါးကိုလည်းကောင်း၊ မထိပါး မပုတ်ခတ်ဘဲ ဟောကြားခြင်း၊ သင်္ဂါယနာခြောက်တန်တင် ထေရဝါဒပဋိကတ်တော်လာ တရားတော်များကိုသာ ဟောကြားခြင်း၊ အနည်းဆုံး သိက္ခာဝါ ၁၀ ၀ါ ရှိ၍ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည့် သီလဝန္တပုဂ္ဂိုလ်ဖြစ်ခြင်း စတဲ့ အချက်တွေပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013