DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀၇ သန်းကျော် ထပ်မံဝင်ရောက်လာ
DVB
·
November 20, 2019
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀၇ သန်းကျော် ထပ်မံဝင်ရောက်လာ
Donate to DVB

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ အစည်းအဝေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၅ ခုကို ခွင့်ပြုပေးခဲ့ပါတယ်။ 

အဲ့ဒီလုပ်ငန်းပေါင်း ၂၅ ခုကနေ အမေရိကန်ဒေါ်လာ ၂၀၇ သန်းကျော် ပြည်တွင်းကို ဝင်ရောက်လာတယ်လို့ မြန်မာနို်ငငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ) ကသိရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၁,၀၀၀ နီးပါး ဖန်တီးပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေထဲမှာ စက်မှုကဏ္ဍက လုပ်ငန်း ၂၀ ခု ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းက ၃ ခု ၊ အိမ်ရာ လုပ်ငန်း ၁ ခုနဲ့ အခြားဝန်ဆောင်မှု လုပ်ငန်း ၁ခု ပါဝင်ပါတယ်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်နေ့အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅၂၉ သန်း ဝင်ရောက်ခဲ့တယ်လို့  အမ်အိုင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013