
အပစ်အခတ် အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် မြန်မာရုပ်ရှင်-ဗိုလ်နေ တိုးကို လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်းနဲ့ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသား နေတိုး၊ သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်နဲ့ ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဗိုလ်နေတိုးဆိုတဲ့အတိုင်း ဇာတ်ကောင်စရိုက် ပီပီပြင်ပြင်နဲ့ ဘယ်လို သရုပ်ဆောင် ထားမလဲ၊ ဘယ်လိုအပစ်အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကို တော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ထဲမှာ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ မင်းဦး၊ နေမျိုး အောင်၊ ဇင်ဝိုင်း၊ သိန်းလင်းစိုး၊ နန်းခင်ဇေယျာစတဲ့ သရုပ်ဆောင်တွေလည်း အများကြီးပါ ဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ညပိုင်းက ရန်ကုန် မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။










