DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်တွင် သံဃာနှင့် သီလရှင်အပါး  ၂၅၀၀ ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူ
DVB
·
November 19, 2019
ကျောက်ဆည်တွင် သံဃာနှင့် သီလရှင်အပါး  ၂၅၀၀ ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူ
1 / 8
Donate to DVB

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့မှာ  ၅၉ ကြိမ်မြောက် ဝေဘူရတနာသုံးပါးပူဇော်ပွဲကို ပင့်သံဃာ အပါး ၂၀၀၀ ကျော်နဲ့အတူ သီလရှင်အပါး ၅၀၀ ကျော်တို့ကို နိုဝင်ဘာလ ၁၉ ရက်နေ့က ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပခဲ့ပါတယ်။

ကျောက်ဆည်မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပထမဝေဘူဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က တည်းက ကျင်းပလာတာပါ။ ဆရာတော်ကြီးရဲ့ တပည့်ဒါယကာ ဒါယိကာမတွေက ဒီနေ့အချိန်အထိ ဝေဘူဆရာတော်ဘုရားကြီး ကို ဂါရဝပြုပြီး ဆက်လက်ထိန်းသိမ်းပြီး လှူဒါန်းကြတာပါ။ 

ဝေဘူချောင်ဂေါပက အဖွဲ့ဝင် ဦးတင်အောင်မိုးက “တနှစ်ထက်တနှစ် ပိုပြီးတော့ စည်ကားလာအောင်ကျင်းပသွားမှာပါ။ ဒီနှစ်ဆိုရင် ကျောက်ဆည်ခရိုင်အတွင်းက ဆရာတော် သံဃာတော်တွေကို သိန်းပေါင်းရှစ်ထောင်ကျော်ဖိုး လှူဒါန်းနိုင်ခဲ့တယ်”လို ပြောပါတယ်။

ဝေဘူ ရတနာသုံးပါးပူဇော်ပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းလှုပွဲကြီးကို ပထမ ဝေဘူဆရာတော် ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကပင် ကျင်းပလာခဲ့ပြီး ၅၉ ကြိမ်မြောက်အဖြစ် ဝေဘူ ရတနာသုံးပါးပူဇော်ပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ ဝေဘူချောင် ကျောင်းတိုက်ဝန်းအတွင်းမှာ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အခုလိုဝေဘူ ရတနာသုံးပါးပူဇော်ပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ကျောက်ဆည်ခရိုင် အတွင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊  မြစ်သား။ တံတားဦး၊မြို့နယ်တို့က ကျောင်းတိုက်အသီးသီးမှာ သတင်းသုံးနေကြတဲ့ ဆရာတော်ကြီး သံဃာတော်များ သီလရှင်များကို ပင့်ဖိတ်ကာ သံဃာတော် အပါး ၂၀၀၀ ကျော် သီလရှင်ယောဂီ ၅၀၀ ကျော်တို့ကိုလှူဒါန်းလောင်းလှူခဲ့ကြပါတယ်။

ကျောက်ဆည်မြို့နေထိုင်သူ မနွယ်နီဦးက “ကျမတို့ အဘိုးအဘွားလက်ထက် ကတည်းက ဆရာတော်ကြီး ဦးစီးကျင်းပတဲ့ ဒီဆွမ်းဆန်စိမ်လး လောင်းလှူပွဲကို လှူခဲ့ကြတာပါ။ မိဘဘိုးဘွားတွေ အမွေကို ဆက်လက်ထိန်းသိမ်းတာလည်း ဖြစ်ပါတယ်။ ဝေဘူဆရာတော်ဘုရားကြီးကိုလည်း ရည်မှန်းပြီး ပူဇော်ကန်တော့လှူဒါန်းတာပါ။ ပင့်ဖိတ်ခြင်းမခံရဘဲ ရောက်လာတဲ့ဆရာတော်တွေကိုလည်း တတ်နိုင်သလောက် လှူတာပါ”လို့ ပြောပါတယ်။

ပင့်ဖိတ်ထားခြင်းမရှိပေမဲ့ကြွရောက်လာတဲ့ သံဃာတော် သီလရှင်များကိုပါ ရပ်ဝေးရပ်နီးက စေတနာရှင် အလှုရှင်များ ကျောက်ဆည်မြို့ရဲ့ မြို့မိမြို့ဖများစေတနာရှင် အလှူရှင်တွေက ဆွမ်းဆန်စိမ်းအပါအဝင် ဝတ္ထုငွေနဲ့ လှူဖွယ်ပစ္စည်းတွေကို လောင်းလှူခဲ့ကြပါတယ်။

စောင်၊ ထီး၊ သင်္ကန်း၊ သပိတ်၊ ဝတ္ထုငွေ စတဲ့ လှူဒါန်းမှုအစုစုတို့ကို လှူဒါန်းခဲ့တဲ့ စေတနာရှင် အလှူရှင်အားလုံးကို တတိယဝေဘူဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိန္ဒက ရေခဲဓမ္မာရုံအတွင်းမှာ ရေစက်ချအမျှဝေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013